အာဆီယံထိပ်သီး အစည်းအဝေးအတွက် BMW ကား ၉၅ စီး စပွန်ဆာပေးမည်
DVB
·
December 19, 2013
လာမယ့် ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေအတွင်း အာဆီယံခေါင်းဆောင်တွေနဲ့ ၀န်ကြီးတွေ အသုံးပြုဖို့ BMW ကားကုမ္ပဏီကနေ မြန်မာအစိုးရကို ကား ၉၅ စီး ပံ့ပိုးကူညီသွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေငြာပါတယ်။
[caption id="attachment_48797" align="alignright" width="300"] ဓာတ်ပုံ - bmw-sg.com[/caption]လာမယ့် ၂၀၁၄ မေလနဲ့ နိုဝင်ဘာမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်လာမယ့် နိုင်ငံတကာ ခေါင်းဆောင်တွေဟာ အရည်အသွေးကောင်းတဲ့ BMW 7 Series ကားတွေကို အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။
လက်ရှိ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အတွင်းမှာလည်း Octagon international services ကုမ္ပဏီက အားကစားသမားတွေ၊ နည်းပြတွေနဲ့ တာဝန်ရှိသူတွေစီးဖို့ Scania ဘတ်စ်ကားသစ် တွေကိုလည်း အကူအညီ ပေးထားပါသေးတယ်။
BMW ကုမ္ပဏီဟာ ကျင်းပပြီးသွားပြီဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ ဘရူနိုင်း အာဆီယံ ထိပ်သီးအစည်းအဝေးတုန်းကလည်း ကားတွေ စပွန်ဆာပေးခဲ့ပါသေးတယ်။