အီဂျစ် သမ္မတဟောင်းနဲ့ ၃၄ ဦးကို အကြမ်းဖက်လုပ်ငန်းတွေမှာ ပါဝင်မှုဖြင့် ရုံးတင်

အီဂျစ် သမ္မတဟောင်း မိုဟာမက် မော်စီ
အီဂျစ် သမ္မတဟောင်း မိုဟာမက် မော်စီနဲ့ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ဝင် ၃၄ ဦးကို အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဖို့ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှု၊ စစ်ရေး လျှို့ဝှက်ချက်တွေကို ပေါက်ကြားမှုတွေနဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ရုံးတင်လိုက်ပါတယ်။ [caption id="attachment_48794" align="alignright" width="300"]အီဂျစ် သမ္မတဟောင်း မိုဟာမက် မော်စီ အီဂျစ် သမ္မတဟောင်း မိုဟာမက် မော်စီ[/caption]တရားရုံး ကြေညာချက်ထဲမှာ မွတ်စလင်ညီအကိုတော်များပါတီဟာ ဟားမတ်စ်အဖွဲ့၊ ဟစ်ဘိုလာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အီဂျစ်နိုင်ငံမှာ အကြမ်းဖက်မှုတွေကို စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ပူးပေါင်း ကြံစည်မှုတွေဟာ အီဂျစ်သမိုင်းမှာ အကြီးဆုံးလို့ တရားရုံး ကြေညာချက်က ဆိုထားပါတယ်။ ဟားမတ်စ်နဲ့ ဟစ်ဘိုလာကတော့ အဲဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မတုံ့ပြန်ပါဘူး။ စွဲချက်တွေထဲမှာ ၂၀၀၅ ခုနှစ်က ဟစ်ဘိုလာနဲ့ အီရန်တော်လှန်ရေးတပ်ဖွဲ့တွေမှာ စစ်သင်တန်းတွေ တက်ဖို့ ပါတီဝင်တွေကို စေလွှတ်ခဲ့တယ်။ ၂၀၁၁ ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေကို အခွင့်ကောင်းယူပြီး ဆိုင်းနိုင်းမြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်စတဲ့ စွပ်စွဲချက်တွေလည်း ပါဝင်ပါတယ်။ သမ္မတဟောင်း မိုဟာမက်မော်စီရဲ့ အကြံပေးတွေကိုလည်း အီရန်တပ်ဖွဲ့နဲ့ ဟစ်ဘိုလာ တပ်ဖွဲ့တွေကို လျှို့ဝှက် သတင်းတွေ ပေးပို့ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။ အီဂျစ်စစ်တပ်ဟာ လွန်ခဲ့တဲ့ဇူလိုင်လ အာဏာသိမ်းပြီးကတည်းက မွတ်စလင်ညီအကိုတော်များပါတီကို နှိပ်ကွပ်ခဲ့ပါတယ်။ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့ပြီး ထောင်နဲ့ချီ ပြည်သူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

//
More News
Up