ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှာ စက်တင်ဘာ ၁၄ ညပိုင်းက Mytel တာဝါတိုင်တစ်ခု မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။
ဘိုကလေးမြို့နယ် စိန်ဟိုင်းကျေးရွာမှာရှိတဲ့ Mytel တာဝါတိုင်ကို အမည်မသိအဖွဲ့က မီးရှို့ ဖျက်ဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"Mytel တာဝါတိုင်ကို မီးရှို့သွားတယ်၊ ဆိုလာပြားတွေ ဝါယာကြိုးတွေလည်း မီးလောင်သွားတယ်" လို့ ပြောပါတယ်။
စိန်ဟိုင်းကျေးရွာက မီးရှို့ခံရတဲ့ Mytel တာဝါတိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
Mytel တာဝါတိုင် ဖျဆီးခံရတာ ဘိုကလေးမြို့နယ်မှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။