Home
စီးပွားရေး
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း စီဒီအမ်အေ ဆင်းကတ်တွေ ထပ်ရောင်းမည်
DVB
·
December 19, 2013
စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (အမ်အီးစီ)ဟာ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟပ်စ် မိုဘိုင်းဖုန်း ဆင်းကတ် လိုင်းပေါင်း နောက်ထပ် ၁ သန်းကို လာမယ့် ၂၀၁၄ ဇန်န၀ါရီကနေ စတင်ရောင်းချ ပေးသွားမယ်လို့ ကော်ပိုရေးရှင်းတာဝန်ရှိသူ ၁ ဦးက အတည်ပြုပြောဆိုပါတယ်။ CDMA sim cardလက်ရှိ ရောင်းချမှု ပုံစံအတိုင်း ဆင်းကတ်တခု ကျပ် ၁၅၀၀ သတ်မှတ်ထားပြီး ၁ လကို ဆင်းကတ် ၃ သိန်းခွဲနှုန်း ဖြန့်ဖြူးရောင်းချသွားမယ်လို့ သူက ပြောပါတယ်။ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(အမ်အီးစီ)ဟာ ၂၀၁၃ ဧပြီလကစ ၁ လ ဆင်းကဒ် ၃ သိန်းခွဲနှုန်းနဲ့ ဆင်းကတ်ပေါင်း ၁ သန်းကျော် ရောင်းချခဲ့ပါသေးတယ်။ နောက်ပိုင်း မြန်မာ့ဆက်သွယ်ရေးက ဂျီအက်စ်အမ် ဆင်းကတ်တွေ ဖြန့်ဖြူးနေချိန် တရုတ် ZTE ကုမ္ပဏီနဲ့ ပေါင်းပြီး လိုင်းသစ်တိုးချဲ့ တပ်ဆင်နိုင်အောင် တည်ဆောက်ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ တပ်ဆင်ပြီးသား မိုဘိုင်းဖုန်း လိုင်းပေါင်း ၆ သန်း ၀န်းကျင်လောက်ရှိကာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ မိုဘိုင်းဖုန်း အသုံးပြုနိုင်သေးပြီး အာဆီယံနိုင်ငံတွေထဲမှာ အနိမ့်ဆုံး ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024