မကွေးတိုင်းဒေသကြီး ပေါက်မြို့ တောင်ဘက်ရွာမှာ စက်တင်ဘာ ၁၄ ရက်နေ့ညက အမျိုးသမီးတဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်ဘက်ရွာမှာ မနေ့ညက မစန္ဒာဝင်းကို ပျူစောထီးလို ယူဆရသူတွေက ဖမ်းဆီး ခေါ်ဆောင်သွားပြီးတော့ ဒီကနေ့ မနက်ပိုင်း တာဝါတိုင်အနီးမှာ အလောင်းတွေ့ရတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ လက်ပါးစေ ပျူစောထီးတွေဟာ NLD ပါတီဝန်းရံသူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိသလို အများပြည်သူသွားလာတဲ့နေရာတွေ မိုင်းထောင် ဖောက်ခွဲတာတွေ ပြုလုပ်လေရှိတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ရန်ကို ရှောင်တိမ်းနေတဲ့ သူတွေအနေနဲ့လည်း လုံခြုံမှုမရှိဘူးလို့ ထင်တဲ့နေရာတွေကို ပြန်မသွားကြဖို့နဲ့ ရွာတွေမှာပဲဖြစ်ဖြစ်၊ တောထဲမှာဘဲဖြစ်ဖြစ် မိမိကို ကာကွယ်နိုင်တဲ့ လက်နက်ရှိမှသာ ပြန်သွားသင့်တယ်လို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။