ရုရှားပါလီမန် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေ အတည်ပြု

ရုရှားပါလီမန်က လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို ဒီဇင်ဘာ ၁၈ ရက်နေ့က အတည်ပြု လိုက်တဲ့နောက်မှာ စက်တင်ဘာလက အဖမ်းခံရတဲ့ ဂရင်းစပိစ် (Greenpeace)အဖွဲ့ဝင် ၃၀ ပြန်လည် လွတ်မြောက်လာကြပါတယ်။ Pussy 2သမ္မတပူတင်ကို ဆန့်ကျင်ဆန္ဒပြမှုနဲ့ ထောင်ဒဏ် ၂ နှစ်အချခံခဲ့ရတဲ့ ပူစီ ရီအို့စ် (Pussy Riot) တေးဂီတ အဖွဲ့ဝင် ၂ ဦးလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီတပတ်ထဲမှာ ပြန်လည် လွတ်မြောက်လာဖို့ ရှိတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ရုရှားအခြေခံဥပဒေသစ် အနှစ် ၂၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်နဲ့ ရုရှားသမ္မတပူတင်က လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို လွှတ်တော်ကို အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အခု ပြန်လည် လွတ်မြောက်လာတဲ့ ဂရင်းစပိစ် အဖွဲ့ဝင်တွေဟာ စက်တင်ဘာလက “Arctic 30” အဖွဲ့ဆိုပြီး အာတိတ်သမုဒ္ဒရာမှာ ရုရှားနိုင်ငံက ရေနံတူးနေတာကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ကမ်းလွန်ရေနံ တူးစင်ပေါ် တက်ရောက်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ရုရှားပါလီမန် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေ အတည်ပြုရှား ကမ်းခြေစောင့်တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ပြန်လွတ်လာတဲ့ ဂရင်းစပိစ် အဖွဲ့ဝင်တွေကတော့ သူတို့ ပြန်လွတ်လာခဲ့ပေမယ့် ရည်မှန်းချက်ကိုတော့ မပြည့်သေးဘူးလို့ ပြောပါတယ်။ အာတိတ်သမုဒ္ဒရာမှာ ရေနံတူးလုပ်ငန်းတွေ ရပ်ဆိုင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ပြန်လွတ်လာတဲ့ ဂရင်းစပိစ်အဖွဲ့ဝင် ၃၀ ထဲမှာ ၂၆ ဦးကတော့ တခြားနိုင်ငံတွေက ဖြစ်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကို ရုရှားပါလီမန် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေ အတည်ပြုရှားပြည်သူတွေက အပြုသဘောနဲ့ ကြိုဆိုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up