Home
နိုင်ငံရေး
ခင်ဦးမြို့နယ်၊ ပြင်ထောင်ကျေးရွာအနီး Mytel တာဝါတိုင် ဖျက်ဆီးခံရ
DVB
·
September 14, 2021

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပြင်ထောင်ကျေးရွာအနီးရှိ စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစု အကျိုးစီးပွားဆက်နွှယ်နေတဲ့  Mytel ဆက်သွယ်ရေး တာဝါတိုင်တစ်တိုင်ကို စက်တင်ဘာ ၁၃  ရက် ညပိုင်းက  ဖျက်ဆီးခံလိုက်ရပါတယ်။

အဆိုပါ တာဝါတိုင်ကို ဘယ်အဖွဲ့က ဖျက်ဆီးသွားတယ်ဆိုတာ မသိရပေမဲ့ ဒီကနေ့ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်တွေ  ပြင်ထောင်ကျေးရွာကိုရောက်လာပြီး မီးရှို့ဖျက်ဆီးခံရတဲ့   Mytelတာဝါတိုင်ကို လာရောက်ကြည့်ရှုစစ်ဆေးသွားတယ်လို့ ဒေသခံ ရွာသားတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာကနေ အပြန်လမ်းမှာ  တဲစု‌ကျေးရွာကိုဝင်ရောက်ပြီး ရွာသား  ဦးမြခဲနေအိမ်ကနေ စားသောက်ကုန်ပစ္စည်းတွေနဲ့ ရောင်းချဖို့ထားတဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ ယူဆောင်သွားသလို ကိုမင်းမင်းဦးနေအိမ်ကနေ လည်း  စားသောက်ဖွယ်ရာတွေနဲ့ စက်ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့  ဒေသခံရွာသားတွေထံက သိရပါတယ်။ 

စက်တင်ဘာ ၇ ရက်နောက်ပိုင်း မြန်မာနိုင်ငံတဝန်းမှာ  မီးရှို့ဖျက်ဆီးခံရတဲ့ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင်တစ်တိုင်ပေါင်း ၈၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024