ပရီးမီးယားလိဂ်က တခြားလိဂ်တွေထက် အလွန်ကောင်းမွန်နေကြောင်း မိုက်ကယ်အိုဝင် သုံးသပ်

ပရီးမီးယားလိဂ်က တခြားလိဂ်ပြိုင်ပွဲတွေထက် အလွန်ကောင်းမွန်နေပြီး ချန်ပီယံလိဂ်မှာ အောင်မြင်မှုတွေ ဆက်ပြီးရယူနိုင်လိမ့်မယ်လို့ မိုက်ကယ်အိုဝင်က သုံးသပ်ပါတယ်။

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေ မကစားခင် ဒေးလီးမေးလ်နဲ့အင်တာဗျူးမှာ အင်္ဂလန်တိုက်စစ်မှူးဟောင်း အိုဝင်ကမှတ်ချက်ပေးခဲ့တာပါ။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကလပ်အသင်း အသင်းဆုံး ၂ သင်း တက်မလာဘူးဆိုရင် အံ့အားသင့်မိမှာဖြစ်ပြီး ၃ သင်း၊ ၄ သင်းအထိ တက်လာဖို့လည်းရှိတယ်လို့ အိုဝင်က ပြောပါတယ်။

လက်ရှိ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်မယ့် အသင်း ၄ သင်းကို ကြည့်မယ်ဆိုရင် အင်္ဂလိပ်ကစားသမားကောင်းတွေ ရှိနေပြီး အင်္ဂလန်အတွက် မယုံကြည်နိုင်စရာကောင်းတယ်လို့ အိုဝင်က ပြောပါတယ်။

ပရီးမီးယားလိဂ်က ၄ သင်းအနေနဲ့ တခြားလိဂ်က ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တဲ့ ခြေစွမ်းမျိုးရှိနေပြီလို့လည်း အိုဝင်က ပရီးမီးယားလိဂ်ကလပ်တွေကို ချီးကျူးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ် ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ် ၂ သင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီး ချဲလ်ဆီးက ချန်ပီယံဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up