Wednesday, June 7, 2023
HomeLead Storyအဆိုတော်အီတိုးနှင့်အတူ ဖမ်းခံရသူများထဲက ထူးကုမ္ပဏီဝန်ထမ်း ၂ ဦး ပြန်လွတ်

အဆိုတော်အီတိုးနှင့်အတူ ဖမ်းခံရသူများထဲက ထူးကုမ္ပဏီဝန်ထမ်း ၂ ဦး ပြန်လွတ်

အဆိုတော်အီတိုးနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ သူတွေထဲက ထူးကုမ္ပဏီဝန်ထမ်း ၂ ဦး စက်တင်ဘာလ ၁၃ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတစ်ယောက်က “ဟုတ်ပါတယ်။ အခုလက်ရှိ ထူးကုမ္ပဏီဝန်ထမ်းတစ်ယောက်နဲ့ အရင်ဝန်ထမ်းဟောင်းတစ်ယောက် ဒီနေ့ ပြန်လွတ်လာတာပါ။ ဒီနေ့ပဲ သူတို့ဒေသတွေကို ပြန်သွားပြီလို့ ကြားပါတယ်။ အီတိုးနဲ့ တခြားသူတွေအကြောင်းတော့ ဘာမှ ထပ်ပြီးမကြားရသေးပါဘူး။ ကလေးအကြောင်းလည်း မကြားပါဘူး” လို့ ပြောပါတယ်။

အဆိုတော်အီတိုးကို အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၈ ရက်နေ့ မနက်အစောပိုင်းက ဖမ်းဆီးခဲ့တာပါ။ 

အဆိုတော်အီတိုး နဲ့အတူ ခြံဝန်းအတွင်း နေထိုင်နေကြတဲ့ ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ၁၀ ယောက်ကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၉ မိုင်မှာရှိတဲ့ ဦးတေဇပိုင်ခြံဝန်းအတွင်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular