ရေးမြို့တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး အသတ်ခံရ

ရန်ကုန်-ရေး-ထားဝယ် ကားလမ်းမ (အာရှလမ်းမကြီး) နှင်းစုံရွာအနီးမှာ စက်တင်ဘာ  ၁၂ ရက်နေ့  နေ့လယ် ၂ နာရီလောက်က ရဲတပ်သား ၁ ဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ရဲတပ်သားမှာ ရင်ဝ ဓားဒဏ်ရာနဲ့ ဆေးရုံမရောက်မီ သေဆုံးသွားခဲ့ပြီး ရေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ပါတယ်။

အဆိုပါ အခင်းဖြစ်ပွားနေရာမှာ သေဆုံးသူ ရဲအပါဝင် ရဲ ၆ ဦးလောက်ရှိပြီး ပစ်ခတ်မှုတွေ မဖြစ်ပွားခဲ့ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်က ရေးမြို့မ ရဲစခန်းအား ဗုံးခွဲတိုက်ခံပြီးနောက် ရေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေက မြို့တွင်းမှာ လုံခြုံရေး တင်းကြပ် ရှာဖွေနေသလို နေအိမ်တချို့မှာလည်း ရှောင်တခွင် စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

More News
Up