ရော်နယ်ဒို၏ ဂျာစီအင်္ကျီရောင်းချမှု ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အများဆုံး စံချိန်တင်

မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ ဂျာစီအင်္ကျီရောင်းချရမှုဟာ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဆီပြောင်းရွှေ့လာပြီး နောက်ပိုင်း ၈ ရက်အတွင်းမှာပဲ ရော်နယ်ဒိုရဲ့ဂျာစီရောင်းချရမှုက ပေါင် ၁၈၇ ဒသမ ၁ သန်း ဖိုးရှိခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ အများဆုံးပမာဏဖြစ်ခဲ့တာပါ။

အသက် ၃၆ နှစ်ရှိ ရော်နယ်ဒိုအတွက် ယူနိုက်တက်က ပြောင်း ရွှေ့ကြေးပေါင် ၁၃ ဒသမ ၁ သန်းပေးချေခဲ့ရပြီး ၁ ပတ်ကျော်ကာလအတွင်းမှာပဲ ဂျာစီရောင်းချရမှုကနေ ပြောင်းရွှေ့ကြေးရဲ့ ၁၄ ဆလောက်ပြန်ရခဲ့တာဖြစ်ပါတယ်။

ပြင်သစ်မှာလည်း ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီရဲ့ ဂျာစီက ၃ ပတ်တာကာလအတွင်းမှာ စုစုပေါင်း ပေါင် ၁၀၃ ဒသမ ၈ သန်းဖိုး ရောင်းချခဲ့ ရတယ်လို့သိရပါတယ်။

ပရီးမီးယားလိဂ်မှာတော့ ရော်နယ်ဒိုရဲ့ဂျာစီပြီးရင်  မန်စီးတီး ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဂရေးလစ်ရှ်၊ ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်၊ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူတို့က ဂျာစီရောင်းချရမှုမှာအစဉ်လိုက် အများဆုံးဖြစ်ခဲ့ပါတယ်။

အဲဒီ နောက်မှာ ပေါ့ဘာ၊ ဆာလာ ၊ဗန်ဒိုက်၊ ဟာရီကိန်း၊ ဒီဘရိုင်းနဲ့ ဂျေဒန်ဆန်ချိုတို့ကို ဂျာစီအရောင်းရဆုံး ထိပ်ဆုံး ၁ဝ ဦးစာရင်းမှာပါဝင်ခဲ့ပါတယ်။ 

More News
Up