ခင်ဦးမြို့နယ်၌ အရပ်သားပြည်သူ ၂ ဦးကို စစ်တပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက မိုင်းခွဲခံရတဲ့ Mytel ဆက်သွယ်ရေး တာဝါတိုင်တွေကို လှည့်ပတ်ကြည့်ပြီးပြန်သွားတဲ့ စစ်ကားပေါ်ကနေ ခရီးသွားပြည်သူ ၂ ဦးကို  ပစ်သတ်ပြီး ကားပေါ်တင်သွားတယ်လို့ မျက်မြင်ဒေသခံက ပြောပါတယ်။

“တညတည်း Mytel တာဝါတိုင် ၅ တိုင် ဖျက်ဆီးခံရတော့ စစ်တပ်က ကားနဲ့လှည့်ပြီး ဖျက်ဆီးခံရတဲ့နေရာတွေ လှည့်ပတ်ကြည့်တယ်။ မ‌ဒေါင်းလှရွာက တာဝါတိုင်ကြည့်ပြီးအပြန် ခင်ဦးမြောက်ဘက် ပေါက်တောရွာအနီးရောက်တော့ မိုင်းဆွဲခံရတယ်။ ထိခိုက်မှုတော့မရှိဘူးလို့ ပြောတယ်။ အဲဒီကားတွေ ခင်ဦးမြို့ထဲအပြန် ကင်းတပ်လက်ဝဲတူးမြောင်းဘောင်ပေါ် ရောက်တော့ ဆိုင်ကယ် စီးလာတဲ့ သားအဖနှစ်ယောက်ကို အကြောင်းမဲ့ပစ်သတ်ပြီး ကောက်တင်သွားကြတယ်” လို့ ဒေသခံကပြောပါတယ်။

ပစ်သတ်ခံရသူတွေဟာ ဘယ်ရွာက ဘယ်သူ ဘယ်ဝါမသိရသေးပေမဲ့။ အသက်ခပ်ကြီးကြီး တစ်ယောက်နဲ့ ငယ်ငယ်တစ်ယောက်ဖြစ်နေလို့ သား အဖနှစ်ယောက်ဖြစ်နိုင်တယ်လို့  ဒေသခံတွေက ခန်းမှန်းပြောဆိုကြတာဖြစ်ပါတယ်။

ခင်ဦးမြို့နယ်မှာ ဩဂုတ်လ ၂၁ ရက်နေ့ကလည်း  ခင်ဦးမြို့နဲ့ ကံသာယာရွာအကြား တံတားလိန်အနီးမှာ လင်မယားနှစ်ယောက်ကို စစ်တပ်က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

More News
Up