မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်းရပ်ကွက်မှာ စက်တင်ဘာ ၁၁ ရက် မနက် ၉ နာရီ က လူငယ် ၃ ဦးကို စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ်တွေနဲ့ဖြစ်ပြီး ရိုက်နှက်ဖမ်းဆီးမှုကြောင့် လူငယ်တွေ သွေးထွက်သံယိုဖြစ်တာရှိတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။
“ကောင်လေးတွေက အဲဒီနားမှာ ရှိနေတာ။ အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်တွေ ရောက်လာပြီး ရိုက်နှက်ဖမ်းသွားတာ။ ရိုက်တာမှ အတော်ဆိုးဆိုးရွားရွား ရိုက်သွားတာ။ သွေးတွေတောင် ထွက်တယ်။ ဘယ်သူမှ မထွက်ရဲကြဘူး” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။
ရိုက်နှက်ဖမ်းဆီးခံရတဲ့ လူငယ် ၃ ဦးကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာတော့ မသိရသေးပါဘူး။