မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ စက်တင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းက ဂန့်ဂေါ PDF နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်တွေကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၅ ယောက် လောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဂန့်ဂေါမြို့နယ် နှမ်းခါးရွာနားမှာ မနေ့ မနက်ပိုင်း ၁၀ နာရီလောက်က ဂန့်ဂေါ PDF နဲ့ CNF တပ်ဖွဲ့တို့ ပူးပေါင်းကာ မြင်သားကျေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့ အပြစ်မဲ့ ပြည်သူတွေ ကျဆုံးခဲ့ရတာကြောင့် စစ်ကောင်စီတပ်တွေကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၅ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ PDF ဘက်က ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်ကူပေးခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး CNF က တပ်ဖွဲ့ဝင် ၁၀ ယောက်ကိုလည်း ဝမ်းမြောက်ဂုဏ်ယူမှတ်တမ်းတင်တယ်လို့ ဖော်ပြထားပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေက ယောဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အထိအခိုက်အကျဆုံး များပြားသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် ဒေသခံပြည်သူ ၄၀ နီးပါး ကျဆုံးခဲ့ကာ အကြမ်းဖက်စစ်တပ်က ရွာတွေကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တာပါ။
ဂန့်ဂေါ PDF အနေနဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ ပြည်သူအပေါ် သစ္စာရှိရှိနဲ့ အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။