ရုရှားနှင့်ဘီလာရုစ် ဘော်တစ်ပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်

ရုရှားနဲ့ ဘီလာရုစ်တို့ဟာ နှစ်နိုင်ငံလုံးရဲ့ ပိုင်နက်နဲ့ ဘောလ်တစ်ပင်လယ်ထဲမှာ  နေတိုးနိုင်ငံ တချို့ကို ထိတ်လန့်စေခဲ့တဲ့ တစ်ပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးကို စက်တင်ဘာ  ၉ ရက်က စတင်ပြုလုပ်လိုက်ပါတယ်။  

ရုရှားနိုင်ငံအနောက်ပိုင်းမှာ "Zapad-2021" လို့ခေါ်တဲ့ စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲ အခမ်းအနားကို နှစ်နိုင်ငံမှထိပ်တန်းစစ်ဘက်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

အတိုက်အခံတွေကို နှိမ်နင်းမှုကြောင့် ဘီလာရုစ်နဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဒီစစ်ရေးလေ့ကျင့်မှုကို သောကြာနေ့မှာ စတင်ပြီး စက်တင်ဘာ ၁၆ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။ 

ပွဲမှာ စစ်သား ၂ သိန်း၊ လေယာဉ်နဲ့ရဟတ်ယာဉ်အစီး ၈၀၊ သင်္ဘော ၁၅ စင်းနဲ့ တင့်ကား ၃၀၀ နီးပါး ပါဝင်မယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။  အာမေးနီးယား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ္စတန်နဲ့ မွန်ဂိုလီးယားတို့မှ စစ်သည်တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ 

အခုနှစ်အစောပိုင်းက ယူကရိန်းရဲ့ နယ်နိမိတ်တွေပေါ်မှာ ရုရှားစစ်အင်အား အမြောက်အမြား ချထားတဲ့ လေ့ကျင့်မှုတွေဟာ မတော်တဆထိခိုက်မှုနဲ့ မခန့်မှန်းနိုင်တဲ့ ပဋိပက္ခဖြစ်နိုင်ခြေတွေ ရှိတာကြောင့် နေတိုးအရာရှိတွေက သတိပေးထားတာပါ။ 

ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး နစ်ကိုလိုင်ပန်ကော့ဗ်ကတော့ စစ်ရေးလေ့ကျင့်မှုတွေဟာ သဘာဝအရကာကွယ်မှုသက်သက်သာဖြစ်ပြီး မော်စကိုနဲ့ မင့်စ်ခ်တို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ စစ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ပုံကိုတိုးတက်စေဖို့ အခွင့်အလမ်းပေးမှာဖြစ်တယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့ စစ်ရေးပြအခမ်းအနားဖွင့်ပွဲနေ့က  ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ဘီလာရုစ်သမ္မတ အလက်ဇန်ဒါ လူကာရှန်ကိုတို့ ကရင်မလင်နန်းတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

More News
Up