ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို လေးစားရန် ဂျပန်ကို တရုတ် တိုက်တွန်း

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟွာချိုယင်
ဂျပန်အစိုးရက နိုင်ငံကာကွယ်ရေးမူဝါဒတရပ်ကို အတည်ပြုခဲ့တာကြောင့် ဒေသတွင်းနိုင်ငံတွေရဲ့ တရားမျှတပြီး အဓိပ္ပါယ်ရှိတဲ့ ဆက်ဆံရေးကို လေးစားဖို့ တရုတ်နိုင်ငံက ဒီဇင်ဘာလ ၁၇ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။ [caption id="attachment_48686" align="alignright" width="300"]တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟွာချိုယင် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟွာချိုယင် [/caption]ဂျပန်နိုင်ငံရဲ့ စစ်ရေးနဲ့ လုံခြုံရေးမူဝါဒတွေဟာ တရုတ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်နေတာကြောင့် ဒေသတွင်းလုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဂျပန်အစိုးရက အတည်ပြုလိုက်တဲ့ ကာကွယ်ရေးဆိုင်ရာမူဝါဒမှာ အမျိုးသားလုံခြုံရေး မဟာဗျူဟာတွေ၊ နိုင်ငံကာကွယ်ရေး နည်းဗျူဟာတွေ၊ ၅နှစ်တာ ကာကွယ်ရေး စွမ်းရည် မြှင့်တင်ရေး အစီအစဉ်တွေ ပါဝင်ပါတယ်။ စစ်အင်အားတိုးချဲ့လာတဲ့ တရုတ်နိုင်ငံနဲ့ ချိန်ခွင်လျှာပြန်ညှိဖို့ ဂျပန်နိုင်ငံဟာ တခြား အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးကို မြှင့်တင်ရင်း လုံခြုံရေးမဟာဗျူဟာသစ်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တာပါ။ ဂျပန်အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ တရုတ်နိုင်ငံဟာ သူရဲ့မြေပိုင်နက်နဲ့ ရေပိုင်နက်ကို တဖက်သတ်တိုးချဲ့နေတာ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ မညီဘူးလို့ ဖော်ပြထားပါတယ်။ ဂျပန်အစိုးရက နိုင်ငံကာကွယ်ရေးမူဝါဒသစ်အပေါ် တုံ့ပြန်ရာမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟွာချိုယင် (Hua Chunying) က ဂျပန်နိုင်ငံရဲ့ အတိတ်ကလုပ်ရပ်တွေကြောင့် တရုတ်နိုင်ငံ အပါအ၀င်ဒေသတွင်းနိုင်ငံတွေဟာ ဂျပန်နိုင်ငံရဲ့ သွားနေတဲ့လမ်းကို သတိထားပြီး အနီးကပ်စောင့်ကြည့်နေရပါတယ်လို့ ပြောကြားပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ သမိုင်းက လုပ်ရပ်တွေကို အမှန်အတိုင်း ပြန်လည်သုံးသပ်ပြီး တချိန်က တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ လမ်းကြောင်းမျိုးကိုပဲ လိုက်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဂျပန်နိုင်ငံဟာ ငြိမ်းချမ်းရေးအတွက် အပြောမဟုတ်ပဲ လက်တွေ့ကျကျ ဒေသတွင်း နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကိုပဲ လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အင်စတီကျူရဲ့ မှတ်တမ်းတွေအရ တရုတ်နိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာ အမေရိကန်ပြီးရင် ဒုတိယနေရာကလိုက်နေပြီး ဂျပန်နိုင်ငံ ကတော့ အဆင့် ၅ နေရာမှာရှိပါတယ်။

//
More News
Up