စပိန်တွင် လိင်စိတ်ကွဲပြားသူများအပေါ် ပိုမိုကာကွယ်ပေးရန် ဆန္ဒပြ

စပိန်နိုင်ငံရဲ့မြို့တော် မဒရစ်မှာ စက်တင်ဘာ ၈ ရက် ညနေက ရာချီတဲ့လူတွေ စုရုံးခဲ့ပြီး ကျားမ လိင်ပိုင်းဆိုင်ရာ ခံယူချက် ကွဲပြားသူတွေအပေါ် ပိုကောင်းကောင်းကာကွယ်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

 လတ်တလော တိုက်ခိုက်မှု ဆက်တိုက်ဖြစ်နေလို့ လတွေအတွင်း စပိန်နိုင်ငံထဲမှာ တုန်လှုပ်ခဲ့တဲ့အတွက် သူတို့ရဲ့ သောကကို ဖော်ထုတ်ပြကြတာပါ။

 မြို့တော် မဒရစ်မှာ မျက်နှာဖုံးစွပ် ဂိုဏ်းတဂိုဏ်းက အသက် ၂၀ အရွယ် အမျိုးသား တယောက်ကို ဓားနဲ့ တိုက်ခိုက်ပြီး သူ့တင်ပါးမှာ ဂေးလို့ စွပ်စွဲထားတဲ့ စကားလုံးကို ဓားနဲ့ထွင်းတာ ခံခဲ့ရပါတယ်‌။  အဲဒီနောက် စက်တင်ဘာ ၈ ရက်နေ့မှာ ဆန္ဒပြဖို့ ဆော်သြခဲ့ကြတာပါ။

မဒရစ်မြို့လယ် ချွေကာရင်ပြင်နားက ဂေးတွေ ပေါများတဲ့ ရပ်ကွက်နားမှာ ရက်စက်တဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ ဆန္ဒပြသူတွေက ဆော်သြခဲ့ကြတာပါ။

 စပိန်အနောက်မြောက်ဘက် ဂါလီစီယာဒေသမှာ ဇူလိုင်လက သူနာပြုအကူ ဆင်မြူရယ် လူးဝစ်ဟာ သူ့ရဲ့ ကျားမဖြစ်တည်မှုဆိုင်ရာ တိမ်းညွတ်မှုကြောင့် အသေရိုက်သတ်ခံရအပြီး လိင်ခံယူချက် ကွဲပြားသူတွေအပေါ် ရန်လိုမှုဟာ စပိန်မှာ ထင်သာ မြင်သာ ဖြစ်လာခဲ့ပါတယ်။

အမုန်းတရားအခြေပြု ရာဇဝတ်မှုတွေ တိုးလာနေပြီး ပိုအကြမ်းဖက်လာနေတယ်လို့ ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၈ ရက်နေ့ အစောပိုင်းမှာ သတိပေးခဲ့ပါတယ်။

ဝန်ကြီးချုပ် ပေဒရို စန်ချဲ့ဇ်ဟာ စက်တင်ဘာ ၁၀ ရက်နေ့မှာ အမုန်းတရား အခြေပြု ရာဇဝတ်မှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ အရေးပေါ် အစည်းအဝေးကို သဘာပတိအဖြစ် တက်ရောက် ကျင်းပဖို့ မျှော်လင့်ခံထားရပါတယ်။

More News
Up