ဒယ်လ်တာမျိုးကွဲအန္တရာယ်ကြောင့် ဂျပန်တွင် ကိုဗစ်-၁၉ အရေးပေါ်ကာလ တိုးမြှင့်သတ်မှတ်

ဒယ်လ်တာမျိုးကွဲအန္တရာယ်ကြောင့် ဂျပန်နိုင်ငံမြို့တော် တိုကျိုနဲ့ မြို့ကြီးတွေမှာ ကိုဗစ်-၁၉ အရေးပေါ်ကာလကို အစိုးရက အခုစက်တင်ဘာလကုန်ထိ တိုးမြှင့်သတ်မှတ်ဖို့ စီစဉ်နေပါတယ်။

နဂိုမူလချမှတ်ထားတဲ့ ကိုဗစ်-၁၉ အရေးပေါ် ကြေညာချက်အရ လာမယ့် စက်တင် ဘာ ၁၂ ရက်မှာ ကန့်သတ်ချက်ပြည့်တော့မှာဖြစ်ပေမယ့် ကိုဗစ်-၁၉ ဒယ်လ်တာမျိုးကွဲ ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် တိုကျို၊ အိုဆာကာနဲ့ နောက်ထပ်စီရင်စုနယ်မြေ ၁၇ ခုကို အရေးပေါ်အခြေအနေ ထပ်တိုးကြေညာဖို့ ပြင်ဆင်နေတာလို့ ထိုင်းစီးပွားရေး ဝန်ကြီး ယာဆုတိုရှီ နီရှီမူရက ပြောပါတယ်။

“လတ်တလော ရောဂါကူးစက်မှုအသစ် အရေအတွက်ကို လျှော့ချနိုင်မယ်ဆိုရင် ကျနော်တို့အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တိုးမြှင့်လာနိုင်ပြီး အခုလကုန်မှာ သိသိသာသာ လျော့ကျသွားဖို့ မျှော်လင့်ပါတယ်”

ဂျပန်နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ စီရင်စုနယ်မြေ ၄၇ ခုထဲမှာ ၂၁ ခုက ကိုဗစ်-၁၉ အရေးပေါ်အခြေအနေကြေညာထားပြီး လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ကို လွှမ်း ခြုံထားတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမြို့တော် တိုကျိုမှာတော့ ကိုဗစ်-၁၉ နေ့စဉ် ကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့က ၅,၇၇၃ ယောက်နဲ့ အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး လက်ရှိမှာတော့ ၁,၈၃၄ ယောက်ထိ ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။

တခြားနေရာတွေမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာမျိုးတွေ ရှိနေသ လို နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၁ သန်းခွဲကျော်၊ သေ ဆုံးသူ ၁၆,၀၀၀ ကျော်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုမှာတော့ ဂျပန်နိုင်ငံ လူဦးရေရဲ့ ၄၈ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးဖြစ်တယ်လို့ ဆိုပါတယ်။

More News
Up