ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်က စစ်ကောင်စီတပ်ပိုင် Mytelရုံးမှာ စက်တင်ဘာ ၈ ရက်နေ့ ညဦးပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မြို့ခံတဦးက “ပေါက်ကွဲသံအကျယ်ကြီးကြားတယ်။ မိုင်တဲလ်ရုံးမှာ ပေါက်ကွဲတာတဲ့။ စစ်ကားတွေရောက်လာပြီး သေနတ်တွေဖောက်နေတော့ သွားမကြည့်ရဲဘူး” လို့ ပြောပါတယ်။
အောင်ပန်းမြို့က မိုင်တဲလ်ရုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ထိခိုက်ပျက်ဆီးမှုတွေ သိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့တော်လှန်ရေးနေ့စတင်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်နေ့ကစပြီး မြို့နယ်အချို့က စစ်တပ်ပိုင် Mytel ဝါတိုင်တွေကို ဒေသခံ PDF တွေက ဖောက်ခွဲဖျက်ဆီးနေတယ်လို့ သိရပါတယ်။