အီရတ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ၂၁ ဦး သေဆုံး

Photo by Reuters
အီရတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့က နိုင်ငံတ၀န်း အကြမ်းဖက် တိုက်ခိုက်မှု တွေကြောင့် အနည်းဆုံး လူ ၂၁ ယောက် သေဆုံးသွားပါတယ်။ နိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေက အမြင့်ဆုံးအဆင့်ထိ ရောက်နေပြီလို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ [caption id="attachment_48643" align="alignright" width="300"]Photo by Reuters Photo by Reuters[/caption]ဒီဇင်ဘာ ၁၆ ရက်နေ့က မြို့တော် ဘဂ္ဂဒက်မှာ ကားဗုံးခွဲမှုတွေနဲ့ လမ်းဘေး ဗုံးထောင်မှု တွေကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံးပြီး ၃၄ ယောက် ဒဏ်ရာရတယ်လို့ ရဲနဲ့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဘဂ္ဂဒက်မြို့တော်မြောက်ပိုင်း ဘိုင်ဂျစ်မြို့မှာတော့ ရဲစခန်းအပြင်မှာ ရပ်ထားတဲ့ကားကို ဗုံးခွဲအပြီး ဖောက်ခွဲရေးခါးပတ်ကို ၀တ်ဆင်ထားတဲ့ အသေခံ ဗုံးခွဲသမား ၄ ယောက်က ရဲစခန်းကို စီးနင်းခဲ့ပါတယ်။ ဒီစီးနင်းမှုကြောင့် ရဲ ၅ ဦး သေဆုံးပြီး အီရတ် အထူးတပ်ဖွဲ့က ရဲစခန်းကို ပြန်စီးနင်း သိမ်းပိုက်ခဲ့ရတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့ တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိတယ်ဆိုတာ ဘယ်အုပ်စုကမှ ချက်ချင်း မပြောကြသေးပါဘူး။ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တွေ နောက်ပိုင်းမှာ ၂၀၁၃ ဟာ အီရတ်ရဲ့ အကြမ်းဖက်မှု အများဆုံးနှစ် ဖြစ်ပါတယ်။ နိုင်ငံတွင်း အစ္စလာမ်ဂိုဏ်းဝင် ၂ ခု ဖြစ်တဲ့ ဆွန်နီနဲ့ ရှီးယား မွတ်စလင်တွေကြား အကွဲအပြဲတွေအတွင်း လူပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ရပါတယ်။ အကြမ်းဖက်မှုတွေအတွက် အယ်လ်ကိုင်းဒါးနဲ့ ချိတ်ဆက်ထားတဲ့အုပ်စုတွေကို အစိုးရက အပြစ်တင်ပါတယ်။ ကုလသမဂ္ဂနဲ့ အီရတ်အစိုးရတို့က ပြတဲ့ ကိန်းဂဏန်းတွေအရ အရင်လက ရာနဲ့ချီတဲ့ အီရတ်တွေ အသတ်ခံခဲ့ရပါတယ်။

//
More News
Up