ကျောက်ပန်းတောင်းမြို့ နေရာသုံးခုကို PDF တပ်ဖွဲ့နှင့် 21ပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့မှာ စက်တင်ဘာ ၇ ရက်နေ့ညက နေရာ ၃ နေရာမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ပန်းတောင်း PDF တပ်ဖွဲ့ဆီက သိရပါတယ်။

ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေးရပ်ကွက်က စစ်ကောင်စီသတင်းပေး ဒလန် မအေးဟာ ဘောလုံးကွင်းနဲ့ မြို့ရှေ့ကျောင်းမှာ တပ်စွဲထားတဲ အကြမ်းဖက်စစ်အုပ်စုတွေကို ထမင်းချက်ပို့နေတာကြောင့် ည ၇ နာရီလောက်က နေအိမ်ရှေ့ခြံပေါက်ဝမှာ လက်လုပ်ဗုံး အသေးစားတစ်လုံး ဖောက်ခွဲသတိပေးခဲ့တယ်လို့ 21 ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျောက်ပန်းတောင်း PDF တပ်ဖွဲ့ကလည်း မနေ့က ညပိုင်းမှာ မိထ္ထီလာဘက်အထွက် ကျောက်ကွင်းနားက မိုင်တဲလ် တာဝါတိုင်ကို ဖောက်ခွဲရာ တာဝါတိုင်အောက်ခြေ အနည်းငယ်ကျိုးကြေသွားတယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် PDF တပ်ဖွဲ့ကပဲ ကျောက်ပန်းတောင်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြှောက်တပ်ကို ဆက်သွယ်ထားတဲ့ ရေပိုက်လိုင်းကို ဖောက်ခွဲခဲ့ရာ ပိုက်တစ်ခြမ်းပြတ်ထွက်ပြီး ရေဖြတ်တောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ည ၉ နာရီလောက်မှာ ရပ်ကွက်တွေကို ဝင်မွှေပြီးတော့ CDM ကျောင်းဆရာ ကိုဇင်မင်းထက်၊ ကိုမိုးကောင်းဆက်နဲ့ ကိုအောင်ကျော်တို့ကို မတရားဖမ်းဆီးသွားတယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up