ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ရဲစခန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ် PDFတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDFဘက်က ပြောပါတယ်။
စက်တင်ဘာ ၇ ရက် ဒီနေ့ည ၇ နာရီဝန်းကျင်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်အကျအဆုံးစာရင်းကို မသိရသေးဘူးလို့ KNDFပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ တပ်ပြန်ဆုတ်လာခဲ့ပြီလို့ဆိုပါတယ်။
ဒီညနေပိုင်းကလည်း ဒီးမော့ဆိုနဲ့ လွိုင်ကော်ကြားမှာ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ KPDF တပ်ရင်းတို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီလက်နက်ကိုင် ၄ ဦးသေဆုံးခဲ့ပါတယ်။
ဒီနေ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တို့အကြားတိုက်ပွဲပြင်းထန်မှုကြောင့် စံပြ (၆) မိုင်မှာ လူနေအိမ် ၄ လုံး လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးသွားပါတယ်။
Photo-UKSY