Home
မြန်မာသတင်း
တရုတ်စီးပွားရေးသမားများ မြန်မာနိုင်ငံတွင် တာဝန်သိ ရင်းနှီးမြှုပ်နှံမည်
DVB
·
December 17, 2013
တရုတ် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာပြည်မှာ ဒေသခံတွေရဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးနိုင်တဲ့ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားဖို့ရှိတယ်လို့ ကွမ်တုန်းပြည်နယ် စက်မှုလုပ်ငန်းရှင်များအသင်းက ပြောကြားလိုက်ပါတယ်။ Myanmar and Chinese national flags are seen on a table during the opening ceremony of opening office of Pyithau Hluttaw Commission for Assessment of Legal Affairs and Special Issues office, in Yangonရန်ကုန်မြို့ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)ရုံးမှာ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ဒီဇင်ဘာ ၁၆ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းတွေ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ တရုတ်စီးပွားရေးသမားတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရေနံစိမ်းကနေ စက်သုံးဆီနဲ့ ချောဆီတွေကို ထုတ်လုပ်တဲ့စက်ရုံ၊ အထည်ချုပ်စက်ရုံနဲ့ ဖိနပ်စက်ရုံစတဲ့ လုပ်ငန်းတွေကို တည်ဆောက် ရင်းနှီးမြှုပ်နှံသွားဖို့ စိတ်ဝင်စားမှု ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ယခင် ရင်းနှီးမြှုပ်နှံတဲ့ ပုံစံမျိုးမဟုတ်ဘဲ လူမှုရေးတာဝန်သိ ရင်းနှီးမြှုပ်နှံမှုမျိုးလုပ်ဖို့ ပြင်ဆင်ထားတယ်လို့ ကွမ်တုံပြည်နယ် စက်မှု လုပ်ငန်းရှင်များအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဟန်ဂျာဒေါင် (Han Jian Dong)က ဒီဗွီဘီကို ပြောပါတယ်။ “ဒီရဲ့ သဘောထားကို သူတို့အနေနဲ့ အမြင်တူပါတယ်။ အဲဒီတော့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ နှစ်နိုင်ငံ ပြည်သူတွေ အကျိုးဖြစ်မယ့် လုပ်ငန်းဖြစ်ရမယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ဒေသခံ ပြည်သူရဲ့ ရိုးရာဓလေ့တွေကို ဖီလာဆန့်ကျင်မှု မပြုပဲနဲ့ ဒေသဖွံ့ဖြိုးမှုကို အကျိုးပြုမယ့် လုပ်ငန်းဖြစ်ရမယ်။ ပြီးတော့ မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ တည်ဆဲ ဥပဒေ၊ နည်းဥပဒေကို လိုက်နာမယ်ဆိုတဲ့ ဘောင်ထဲမှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်တယ်။” ဒီတွေ့ဆုံဆွေးနွေးမှုကတဆင့် မြန်မာ့စီးပွားရေး အခြေခံ အဆောက်အအုံ အခြေအနေကို ကောင်းစွာ သိရှိခဲ့ရတဲ့အပြင် ပေါကြွယ်ဝတဲ့ သယံဇာတတွေနဲ့ ကြီးမားလှတဲ့ ဈေးကွက်ကြီးလည်း ရှိနေတာဟာ ဘက်စုံဖွံ့ဖြိုးတိုးတက်မယ့် အလားအလာကောင်းတွေ ဖြစ်တယ်လို့လည်း ကွမ်တုံပြည်နယ် စီးပွားရေးလုပ်ငန်းရှင်တွေက မှတ်ချက်ပေးပါတယ်။ မြန်မာနဲ့ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်အကြား နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုက ယခုနှစ် အောက်တိုဘာလအထိ ကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ ၁၀ ဒဿမ ၂ သန်းကျော် ရှိတဲ့အတွက် ကာလတူ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ၅၀ ​ရာခိုင်နှုန်းကျော် မြင့်တက်မှု ရှိခဲ့ပါတယ်။ လာမယ့် ၁ နှစ်၊ ၂ နှစ်အတွင်းမှာ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၇၅ သန်းကျော် ရရှိဖို့ မျှော်မှန်းထားတဲ့အကြောင်းမစ္စတာ ဟန်ဂျာဒေါင်က ဆိုပါတယ်။ စီးပွားရေးဆိုင်ရာ အပြန်အလှန်တွေ့ဆုံဆွေးနွေးမှုပွဲကို ကွမ်တုံပြည်နယ် ကဏ္ဍပေါင်းစုံက စီးပွားရေးလုပ်ငန်းရှင် ၅၀ ကျော်တက်ရောက်ခဲ့ပြီးတော့ မြန်မာနိုင်ငံဘက်ကလည်း စီးပွားရေး လုပ်ငန်းရှင် ၄၀ ကျော် တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024