Home
မြန်မာသတင်း
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှူး ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီး
DVB
·
September 7, 2021

ကလေးဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)မှူး ဗိုလ်မှူးချုပ် သန့်ဇင်ဦးနဲ့ လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးတို့ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီထိပ်ပိုင်းနဲ့ နီးစပ်တဲ့ သူက ဒီဗွီဘီကို ပြောပါတယ်။

ကလေး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူး ဗိုလ်မှူးချုပ် သန့်ဇန်ဦးကို ကနီမှာ စစ်တပ်က ပြည်သူ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး အရေးယူဖို့ပြောဆိုခဲ့ပေမယ့် လက်ရှိမှာတော့ အဂတိမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာလို့ ဆိုပါတယ်။

ကနီမှာ စစ်ကောင်စီရဲ့လက်အောက်ခံတပ်တွေဖြစ်တဲ့ တပ်မ ၄၄ နဲ့ တပ်မ ၉၉ တပ်တွေက စစ်အင်အားအများအပြားသုံးပြီး ဒေသခံ ပြည်သူ ၄၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ  စစ်ရာဇဝတ်မှုနဲ့ တရားစွဲနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးတော့ လွိုင်ကော်မှာ စစ်ဆင်ရေးဆောင်ရွက်တဲ့အခါမှာ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုတွေများခဲ့တာကြောင့် စစ်ဆင်ရေးတာဝန်ပေါ့လျော့မှုနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

အခုဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ဒကစမှူးတွေဟာ အာဏာမသိမ်းခင် ဇန်နဝါရီလက အရန်အင်အားကို ပို့ဆောင်ခံလိုက်ရတဲ့ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနဲ့ ရင်းနှီး တဲ့ ဆက်ဆံရေးရှိတဲ့သူတွေလို့ သိရပါတယ်။

ဗိုလ်ချုပ်သောင်းထိုက်ရွှေဟာ အရင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချရတဲ့ သူတစ်ယောက်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ခဲ့သူဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024