ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂ နှစ် ၁ ကြိမ် ကျင်းပမည့်အစီအစဉ် UEFA ဥက္ကဋ္ဌ ကန့်ကွက်

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂ နှစ် ၁ ကြိမ် ကျင်းပဖို့ စဉ်းစားနေတဲ့ ဖီဖာရဲ့အစီအစဉ်ကို ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ကန့်ကွက်မယ်လို့ သိရပါတယ်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ နှစ် ၁ ကြိမ် ကျင်းပလာတာဖြစ်ပြီး အနာဂတ်မှာ ၂ နှစ် ၁ ကြိမ် ပြောင်းလဲကျင်းပဖို့ ဥရောပကလပ်အသင်းအဖွဲ့အစည်း ဥက္ကဋ္ဌလည်းဖြစ်၊ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌလည်း ဖြစ်သူ ဆော်ဒီနိုင်ငံသား အယ်ခါလီဖီက တင်သွင်းခဲ့တာပါ။ 

ဖီဖာဘက်တော့ တင်သွင်းလာတဲ့ကိစ္စတွေအပေါ် ဆွေးနွေးမှု မလုပ်ဘူးဆိုတဲ့ အယူအဆမရှိဘဲ အားလုံးရဲ့ ဆုံးဖြတ်နဲ့ ဆွေးနွေးသွားရမှာမယ်လို့ ဆိုပါတယ်။ 

ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဆီဖာရင်ကတော့ ၂ နှစ် ၁ ကြိမ် ကျင်းပမယ်ဆိုရင် ပြိုင်ပွဲရဲ့တန်ဖိုး လျော့ကျစေနိုင်ပြီး ကလပ်အသင်းပွဲစဉ်တွေလည်း ရှိတာကြောင့် ပွဲကျပ်သွားစေနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်မှာ အသင်းအရေအတွက် ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးမြှင့်မယ့် အဆိုပြုချက်ကိုတော့ အတည်ပြုခဲ့ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ စတင်ကျင့်သုံးသွားမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up