ပဲခူးတိုင်း၊ ပြည်မြို့ရှိ ခေတ္တရာပန်းခြံအနီးက စစ်ကောင်စီတပ်တွေရှိတဲ့ မြို့တော်ခန်းမရှေ့မှာ စက်တင်ဘာလ ၆ ရက် ဒီ ညနေ ၃ နာရီဝန်းကျင်လောက်မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါပေါက်ကွဲမှုမှာ စစ်ကောင်စီတပ်က စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒေသခံတဦးက "ပေါက်သံကြားတယ် အကျယ်ကြီးပဲ၊ အခုအဲ့ဒီလမ်းကို ဘာမှပေးမဖြတ်တော့ဘူး။ အကုန်ပြန်လှည့်ခိုင်းနေတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးကတည်းက စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ဆက်တိုက်ပစ်ခတ်နေလို့ ထိခိုက်ပျက်ဆီးမှုတော့ မသိရသေးဘူး'' လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ပေါက်ကွဲမှုဖြစ်ပွားပြီးကတည်းက ပြည်မြို့အနှံ့ လမ်းဆုံတိုင်းမှာ စစ်ဆေးနေသလို ရပ်ကွက်တွေမှာ ရှာဖွေတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။