စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အမြင့်မြို့ဟောင်းကို စက်တင်ဘာ ၅ ရက် ဒီနေ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် ၁၁ ဦးကို ဖမ်းဆီးသွားပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချောင်းဦး - ခင်မွန်ဘက်ကနေ ပတ်လာပြီး အမြင့်လမ်းအတိုင်း မွန်းလွဲ ၂ နာရီဝန်းကျင်လောက်ကစတင်ကာ ညနေ ၃ နာရီအထိစီးနင်းခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲ့ဒီနောက် ညနေ ၄ နာရီလောက်မှာ နောက်တကြိမ် တကျော့ပြန်လာပြီး နန်းဦးစာသင်ကျောင်းအတွင်းမှာ သေနတ်ပစ်ဖောက်ကာ တူမီးသေနတ် အလက် ၃၀ လောက်နဲ့အတူ လူငယ် ၃ ဦး ဖမ်းဆီးသွားတာလို့လည်း ပြောပါတယ်။
ဒါ့အပြင် အမြင့်မြို့ဟောင်းရဲ့ ရပ်ကွက်တစ်ရပ်ကွက်ချင်းစီကို စစ်ကောင်စီတပ်ကတွေ ဝင်ရောက်စီနင်းကာ လူငယ်အမျိုးသား ၈ ဦး ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တွေဟာ အန်အယ်လ်ဒီအစိုးရလက်ထက်က အမြင့်နယ်မြေအ တွက်ချပေးထားတဲ့ အသက်ကယ်မီးသတ် အမြန်ရေယာဉ် (Speed Boat) နှစ်စီးနဲ့အတူ မီးသတ်ကားတစ်စီးကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။