ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါးရပ်ကွက်အနီးမှာ ဒီနေ့ မနက် ၁၁ နာရီလောက်က ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားနဲ့ခုတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဓားခုတ်ခံရသူမှာ ဒုတပ်ကြပ်တင်ထွန်းအောင်ဖြစ်ပြီး မြို့နယ်တွင်းလုံခြုံရေး လှည့်ကင်းလှည့်နေချိန် ဆမားဒူးဝါးရပ်ကွက်၊ ငုဝါလမ်းအရောက်မှာ နောက်ဆုံးဆိုင်ကယ်နဲ့လိုက်ပါလာစဥ် ဓားနဲ့ခုတ်ခံရတာလို့ ဆိုပါတယ်။
ဒုတပ်ကြပ် တင်ထွန်းအောင်ကို မြို့နယ်ဆေးရုံ တင်ပို့ထားရတယ်လို့ သိရပါတယ်။ ဓားနဲ့ခုတ်ခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးရမိရေး စစ်တပ်နဲ့ရဲတွေက အပူတပြင်း ရှာဖွေနေတယ်လို့ သိရပါတယ်။