စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ စက်တင်ဘာ ၅ ရက်တရက်တည်း အရပ်သား ၂၀ ကျော် ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လမ်းဆုံရပ်၊ ရွှေကတော်ရပ်နဲ့ ကျွဲဆွဲရပ်က လူငယ်တော်တော်များများ ဖမ်းဆီးခံရတာဖြစ်ပြီး လူစုစုမြင်ရင် ဝင်ဖမ်းနေတာကြောင့် လတ်တလော ဖမ်းဆီးခံရတာ ဘယ်သူတွေလဲဆိုတာနဲ့ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိရသေးသလို အကူအညီလည်း မပေးနိုင်ကြသေးဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မနက်ပိုင်းကစပြီး မြို့ပေါ်မှာ စစ်တပ်နဲ့ရဲ အင်အားအများအပြား လုံခြုံရေးချထားဖြစ်ပြီး သွားလို့လာလို့ မရအောင် တားဆီးစစ်ဆေး ဖမ်းဆီးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
တန့်ဆည်မြို့မှာ စက်တင်ဘာ ၄ ရက်ညနေပိုင်းက ရဲနှစ်ယောက်ကို တန့်ဆည်ပြည်သူ့ ရဲဘော်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်သုတ်သင်ပြီးနောက် အခုလို လုံခြုံရေးတင်းကြပ် ဖမ်းဆီးတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
photo-တန့်ဆည်မြို့ ဆန္ဒပြစဉ်ကပုံ။