စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်းမှာ ပုလဲ၊ ယင်းမာပင် ညွန့်ပေါင်း PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ၅ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၂ ဦး ကျဆုံးကာ ညွန့်ပေါင်း PDF ဘက်က ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပုလဲမြို့နယ်ထဲကို သြဂုတ် ၂၂ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ အကြမ်းဖက်စစ် ကောင်စီတပ်က အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ ရွာပေါင်း ၃၀ ကျော်ကို ရွာစဉ်ထိုး ဝင်ရောက်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လူသတ်၊ မုဒိန်းကျင့်၊ နေအိမ်တွေ ဖျက်ဆီး၊ ရွှေ ငွေနဲ့ ပစ္စည်းတွေအပြင် ဆိုင်ကယ်တွေပါ ယူဆောင်တာ၊ ကားတွေကို ဖျက်ဆီးတာ၊ စျေးဆိုင်တွေက စားသောက်ကုန်တွေ ယူတာ၊ ကြက်ဝက်တွေ သတ်စားတာ၊ ကျေးရွာနေပြည်သူတွေ မနေရဲဘဲ ထွက်ပြေးနေရတာတွေ ရှိခဲ့တာကြောင့် ညွန့်ပေါင်းအဖွဲ့က ပြည်ဘက်က ရပ်တည်ကာကွယ်တိုက်ခိုက်တာလို့ ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ စက်တင်ဘာ ၅ ရက်မှာတော့ အားလုံး ဆုတ်ခွာသွားကြပြီလို့ ဆိုပါတယ်။