စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ လမ်းဆုံဈေးသစ်အနောက်နားမှာ စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီခန့်က ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (TPC) က သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မြို့ခံတစ်ဦးက “သေနတ်သံတွေကြားပြီးနောက် ရဲနှစ်ဦး သတ်ခံရတယ်လို့ သိရတယ်။ ရဲကား ရောက်သွားတော့လည်း ပေါက်ကွဲမှုတခု ထပ်ဖြစ်တယ်။ ပေါက်ကွဲမှုကြောင့် အသေအပျောက်တော့ မသိရသေးဘူး။ ရဲနှစ်ဦး သေတာတော့ မှန်တယ်” လို့ ပြောပါတယ်။
တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (TPC) အနေနဲ့ ဇူလိုင် ၃၁ ရက်နေ့ကလည်း စစ်ယာဉ်တန်းတခုကို မိုင်းခွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။