မွန်ပြည်နယ် ရေးမြို့မရဲစခန်းအနီးမှာ စက်တင်ဘာ ၃ ရက်နေ့ ညနေ ၃ နာရီခွဲ လောက်က ရဲတဦးukd သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရေးမြို့ PDF က ပြောပါတယ်။
ရေးမြို့ PDF က ရဲတပ်သားကို သေနတ်နဲ့ အနီးကပ်ပစ်သတ်ခဲ့တာဖြစ်ပြီး ရေးမြို့နယ်အတွင်း ပထမဦးဆုံး စတင်သုတ်သင်ရှင်းလင်းတာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေကို CDM မှာ ပါဝင်ပူးပေါင်း ပေးကြဖို့နဲ့ ပြည်သူတွေကို မတရားဖမ်းဆီး ခြိမ်းခြောက်တာတွေ ဆက်ပြီး ပြုလုပ်နေပါက အခုလို ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မော့ကနင်ကျေးရွာ အဝင်လမ်းမှာ ရေးမြို့ PDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ နာရီဝက်ကြာ ပစ်ခတ်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်ကျဆုံးတာတွေ မရှိဘူးလို့ သိရပါတယ်။