ကင်ညာနဲ့ ဂါနာနိုင်ငံတွေကို အမေရိကန်နိုင်ငံက Moderna ကိုဗစ်-၁၉ ကာကွယ် ဆေး ၂ သန်းကျော် ပေးပို့ခဲ့တယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ချ်အို)ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး မျှ ဝေသုံးစွဲနိုင်ရေး-ကိုဗက်စ်အစီအစဉ်နဲ့ ပေးပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုပေးပို့မှုမှာတော့ ကင်ညာနိုင်ငံကို ကာကွယ်ဆေး ၈ သိန်း ၈ သောင်းကျော်နဲ့ စုစုပေါင်း ၁ ဒသမ ၇၆ သန်းကျော်ရှိလာခဲ့ပြီဖြစ်ကာ ဂါနာနိုင်ငံကိုတော့ ပထမအကြိမ်အ ဖြစ် ၁ ဒသမ ၂၂ သန်းကျော် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
အာဖရိကနိုင်ငံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုဟာ တခြားဒေသတွေနဲ့ နှိုင်းစာရင်တော့ သိသိသာသာ နိမ့်ကျနေခဲ့တာ ဖြစ်ပါတယ်။