စစ်ကိုင်းတိုင်း တန့်ဆည်မြို့အနောက်ဘက် နှစ်မိုင်ခန့်အကွာ ဝါးရငယ်မူးဘောင်အတက်မှာ စက်တင်ဘာ ၃ ရက် မနက် ၄ နာရီလောက် ကံထူးမကနေ တန့်ဆည်ဘက်ကို ပြန်တက်လာတဲ့ စစ်ကား ၄ စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ဝါးရငယ် မူးဘောင်အတက်မှာ မိုင်းကွဲသံ ၁ ချက်ကြားရတယ်။ အဲဒီနောက် သေနတ်ပစ်သံတွေကြားရပြီး နောက်ထပ်ပေါက်ကွဲသံ ၄ ချက်ထပ်ကြားရတယ်။ စစ်ကားတစ်စီး ပျက်စီးသွားတယ်လို့ သိရတယ်။ ထိခိုက်ကျဆုံးတာတော့ မသိရသေးဘူး။ စစ်သားတွေလည်း ခြေလျင်ဆင်းလျှောက်သွားနေကြတယ်” လို့ ပြောပါတယ်။
တန့်ဆည်မြို့နယ်အတွင်းမှာ စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတာ တွေ လုပ်ခဲ့လို့ အရပ်သား ၄ ဦး သေဆုံး၊ ၃ ဦး ပျောက်ဆုံးနေပြီး ၁၂ ဦး လည်း ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။