Home
မြန်မာသတင်း
ဝမ်းတွင်းနှင့် သာစည်တွင် မိုးရွာသွန်းမှုများသဖြင့် လူနေအိမ်နှင့် ယာခင်းများ ရေနစ်မြုပ်
DVB
·
September 1, 2021

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်နဲ့ သာစည်မြို့နယ်မှာ  သြဂုတ် ၃၀ ရက်ညက မိုးရွာသွန်းမှုများသဖြင့် သြဂုတ် ၃၁ ရက်မနက်ပိုင်းက လူနေအိမ်နဲ့ ယာခင်းတွေ ရေနစ်မြုပ်ခဲ့ပါတယ်။

ဒေသခံတစ်ဦးက "ညက တစ်ညလုံး လိုလို မိုးတွေရွာနေတယ်။ ဒီနေ့မနက်ရောက်တော့ အိမ်တွေထဲကို ၂ ပေကျော်ကျော်လောက် ရေတွေဝင်လာတယ်။ ငရုတ်ခင်းတွေထဲလည်း ရေဝင်တယ်။ ပျက်စီးဆုံးရှုံးမှုတော့  ခန့်မှန်းလို့ မရသေးဘူး"လို့ ပြောပါတယ်။

သာစည်မြို့နယ်က ဥသျှစ်ကုန်းရွာ၊ ဝမ်းသာရွာ၊ ဟံဇားရွာ၊ ဒဟတ်တောရွာတွေရဲ့ ယာခင်းတွေကို ရေထု ၂ ပေကျော်ကျော်လောက် ဝင်ရောက်ခဲ့ပါတယ်။

ဝမ်းတွင်းမြို့နယ်က လျှော်ပင်ရွာနဲ့ မြို့ပေါ်ရပ်ကွက်တချို့က  လူနေအိမ် ၁၇၀ ကျော်လောက်ကို ရေထု ၃ ပေလောက်ဝင်ခဲ့ပြီး ဌာနဆိုင်ရာတွေ ပရဟိတအဖွဲ့အစည်းတွေက ရေဝင်အိမ်တွေရဲ့ မိသားစုတွေကို နေရာပြောင်းရွေ့ပေးထားရပြီး အစားအစာထောက်ပံပေးနေတယ်လို့ သိရပါတယ်။

ဝမ်းတွင်းမြို့နယ်နဲ့ သာစည်မြို့နယ်တွေမှာ  သြဂုတ် ၃၀ ရက်ည ၉ နာရီလောက်ကစပြီး သြဂုတ် ၃၁ ရက်မနက်အထိ မိုးရေချိန်လက်မ ၂ လက်မ မှ ၃ လက်မအတွင်း မိုးရွာသွန်းခဲ့တယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024