မန္တလေးတိုင်း၊ မြင်းခြံမြို့ ချောင်းဒေါင်းကျေးရွာနေ ဧရာဝတီသွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးကိုနီရဲ့ နေအိမ်အတွင်း ဩဂုတ် ၃၁ ရက် ည ၈ နာရီလောက်က ဆိုင်ကယ် ၄ စီးနဲ့ လူတစုက လာရောက်ပစ်ခတ်တာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ဦးကိုနီရဲ့ သားဖြစ်သူ မောင်မင်းထက်ကို ရရှိဒဏ်ရာနဲ့ ည ၉ နာရီ မိနစ် ၂၀ လောက် မြင်းခြံဆေးရုံမှာ ဆုံးပါးသွားပြီး ညီဖြစ်သူ ကိုလူအေးကိုတော့ မန္တလေးဆေးရုံကို အရေးပေါ်အခြေနေနဲ့ ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။
နေအိမ်ထဲထိ ဝင်ရောက်ပစ်ခတ်သူတွေဟာ ပျူစောထီးအဖွဲ့က ဖြစ်တယ်လို့ မြို့လူထုက ပြောပါတယ်။