ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးရုံးအနီးမှာ ဩဂုတ် ၃၁ ရက် မနက် ၁၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
စည်ပင်သာယာရေးရုံးဝင်း အဝင်တံခါးအနီး ဗုံးပေါက်ကွဲတာ ဖြစ်ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ဒေသခံတဦးက ပြောပါတယ်။
"အသံတော့ ကျယ်တယ်၊ ရုံးအဝင်တံခါးပါက်မှာပေါက်တာ။ ထိခိုက် ဒဏ်ရာရတာ မရှိဘူး။"
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်မှာ သြဂုတ် ၁၉ ရက်နေ့ကလည်း ရဲတပ်ဖွဲ့ဝင်တွေ ကင်းလှည့်စဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့လို့ ဒုတပ်ကြပ်တစ်ဦး သေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ နေ့စဉ်မပြတ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပြီး ကေအိုင်အေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေလည်း မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။