စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာနဲ့ ကျခတ်ကျေးရွာအနီးမှာ စစ်ကောင်စီကားသုံးစီး ဩဂုတ် ၃၁ ရက်နေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်အချိန်လောက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “ကျနော်တို့ ကျခတ်နဲ့ပျံခတ်ကျေးရွာအနီးဖြစ်သွားတာ။ ဘယ်အဖွဲ့က လာလုပ်သွားတယ်လို့တော့ မသိဘူးဗျ။ စစ်ကောင်စီဘက်ကတော့ မိုင်းမိပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ရမ်းပစ်တာ ဆူညံနေတာပဲ။ ရွာထဲကလူတွေလည်း ပြေးသူကပြေး၊ ပိတ်မိသူတွေ ပိတ်မိနေတာတွေရှိတယ်။ အကျဆုံးကတော့ စစ်ကောင်စီဘက်တော့ များနိုင်တယ်ဗျ။ အတိအကျတော့ မသိရသေးဘူး။ တစ်စီးကတော့ မီးလောင်နေတယ်။ ကျန်နှစ်စီးကတော့ ပျက်သလားမသိရဘူး။ တစ်ဖက်အဖွဲကတော့ ဆွဲပြီးပြေးတာဆိုတော့ အထိခိုက်မရှိဘူး” လို့ ပြောပါတယ်။
ဒီပဲယင်းမြိုနယ်အတွင်း ပြီးခဲ့တဲရက်ပိုင်းကလည်း စိုင်ပြင်မြို့နဲ့ ကျည်ရွာကြားမှာ စစ်ကောင်စီကား ၅ စီးကို ဒေသခံ ကာကွယ်ရေးပြောက်ကျားအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။