ထိုင်းစစ်တပ်က ရွေးကောက်ပွဲ ကျင်းပမယ့်အစီအစဉ်ကို ထောက်ခံ

Photo by Reuters
ထိုင်းစစ်တပ်က ရွေးကောက်ပွဲ ကျင်းပမယ့်အစီအစဉ်ကို ထောက်ခံလိုက်တဲ့နောက်မှာ မြို့တော်ဘန်ကောက်က အစိုးရအိမ်တော်နားမှာ  ဆန္ဒပြသမားတွေ ဆက်ပြီး စခန်းချနေပါတယ်။ [caption id="attachment_48480" align="alignright" width="300"]Photo by Reuters Photo by Reuters[/caption] ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်းစုဘန် တက်ရောက်တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ အစည်းအဝေးမှာ ထိုင်းစစ်ဦးစီးချုပ်က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်ကို ထောက်ခံတဲ့အကြောင်း ပထမဆုံး ထုတ်ပြောခဲ့ပါတယ်။ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ ဆန္ဒပြခေါင်းဆောင်တွေက သူတို့ အစီအစဉ်တွေကို တင်ပြခဲ့ပေမယ့် စစ်တပ်က ကြားနေအဖြစ်ပဲ ရပ်တည်ခဲ့ပါတယ်။ ၂ နာရီကြာတဲ့ အစည်းအဝေးအပြီးမှာ စစ်ဦးစီးချုပ်က ကြားဖြတ်ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာတဲ့ အခြေအနေနဲ့ ကျင်းပဖို့၊ အကယ်၍ ဆန္ဒပြခေါင်းဆောင် ဆူသက်က စိုးရိမ်နေရင် ရွေးကာက်ပွဲ ကျင်းပဖို့အတွက် ကြားကော်မတီတရပ် ဖွဲ့စည်းဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ဦးစီးချုပ်က ပြောပါတယ်။ ဆူသက်က စစ်တပ်က တင်ပြတာကို လက်မခံဘဲ ကြားဖြတ်ရွေးကောက်ပွဲကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီး၊ ပြည်သူ့အစိုးရ ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှ ကျင်းပဖို့ ဆက်တောင်းဆိုနေပါတယ်။ ဒီဇင်ဘာ ၉ ရက်က လူပေါင်း ၁ သိန်း ၆ သောင်းလောက်က အစိုးရအိမ်တော်က ၀န်ကြီးချုပ်ရုံးကို မသိမ်းမီလေးတင်ကပဲ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာခဲ့ပါတယ်။ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပေမယ့် ဆန္ဒပြပွဲတွေရဲ့ တင်းမာမှုတွေကတော့ လျော့ကျမသွားပါဘူး။    

//
More News
Up