မကွေးတိုင်း၊ ပေါက်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားနဲ့ အ.မ.က (၄) စာသင်ကျောင်းမှာ သြဂုတ်လ ၃၀ ရက် ဒီနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ချိန်ကိုက်ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပါတယ်။
ဒေသခံပြည်သူတဦးက ''အ.မ.က (၄) က ပေါက်ကွဲသံ ကြားရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်နေတယ်။ ထိခိုက်ပျက်စီးမှုတော့ မသိရသေးဘူး'' လို့ ပြောပါတယ်။
ပေါက်မြို့၊ အ.မ.က (၄) စာသင်ကျောင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ချိန်ကိုက်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပေါက်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။