မြန်မာနှင့်ထိုင်း အမျိုးသားဘောလုံးပွဲ ၁-၁ ဂိုးဖြင့် သရေကျ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းမှာ ဒီနေ့ည မြန်မာစံတော်ချိန် ည ၆ နာရီ ၄၅ မိနစ်က ယှဉ်ပြိုင်ကစားကြပြီး  မြန်မာနဲ့ ထိုင်းအသင်း ၁-၁ ဂိုးနဲ့ သရေကျသွားပါတယ်။ ပွဲစစခြင်းမှာပဲ ၁ မိနစ်မပြည်ခင်မှာ မြန်မာအသင်းက ကျော်နံပါတ် ၁၇ မြန်မာဂိုးဧရိယာ ညာဘက်ခြမ်းမှာ ပြစ်ဒဏ်ဘော ကျူလွန်းခဲ့ပါတယ်။ အဲဒီပြစ်ဒဏ်ဘောကို ကန်တင်ရာမှာ ထိုင်းအသင်းခေါင်းဆောင် နံပါတ် ၃ ရရှိပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးစည်းပေါ် ကျော်သွားခဲ့ပါတယ်။ ဒီနောက် နှစ်ဖက် အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပါတယ်။ ၅ မိနစ်မှာတော့ ထိုင်းအသင်းက နံပါတ် ၉ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ မြန်မာက ဘောလုံးပိုင်ဆိုင်မှု ပိုမို ရရှိနေပြီး ထိုင်းအသင်းက တချက်တချက်မှသာ ပြန်လည် ထိုးဖောက်ကစားနိုင်ပါတယ်။ ၁၃ မိနစ်မှာ ထိုင်းအသင်းရဲ့ ဘီးကုတ်စက်ဝိုင်းနားကနေ မြန်မာတိုက်စစ်မှု ကျော်ကိုကို ကန်သွင်းရာမှာ ဂိုးတိုင်ရဲ့ ညာဘက်ကနေ ထွက်သွားခဲ့ပါတယ်။ ၁၆ မိနစ်မှာတော့ ထိုင်းနောက်ခံလူ ပြစ်ဒဏ်ကျူးလွန်လို့ မြန်မာက ထောင့်ကန်ဘောရရှိခဲ့ပါတယ်။ ထောင့်ကန်ဘောကို ဂိုးရှေ့အရင်ကန်မတင်ဘဲ ကြည်လင်းဆီထိုးပေးခဲ့ပါတယ်။ ကြည်လင်းက ဂိုးရှေ့ ကန်တင်ပေးတာကို ထိုင်းဂိုးသမား အမိဖမ်းနိုင်ခဲ့ပါတယ်။ ၁၉ မိနစ်မှာ မြန်မာအသင်းက ကျောနံပါတ် ၁၄ ဂိုးရှေ့ချပေးတာကောင်းပေမယ့် ဘောလုံးက အရှိန်နည်းနည်းပြင်းသွားတဲ့အတွက် ကျော်ကိုကို လိုက်ကန်ပေမယ့် မမှိလိုက်ဘဲ ထိုင်းဂိုးသမား ဖမ်းမိသွားပါတယ်။ မိနစ် ၂၀ အထိ ထိုင်းက ဘောလုံးအပေးအယူ အချိတ်အဆက်မမိဘဲ ဖြစ်နေပါတယ်။ ၂၁ မိနစ်မှာ ထိုင်းကစားသမား ကျော်နံပါတ် ၇ က မြန်မာအသင်း တိုက်စစ်မှူး ကျော်ကိုကိုကို ဖျက်ထုတ်ရာမှာ ကြမ်းတဲ့အတွက် ဒိုင်က ပထမဆုံး အ၀ါကတ်ပြခဲ့ပါတယ်။ ၂၂ မိနစ်အထိ မြန်မာဘက်က ဂိုးကန်သွင်းခွင့် သုံးလေးကြိမ် ၇ရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။ ၂၃ မိနစ်မှာတော့ မြန်မာအသင်းဘက်က ကျောနံပါတ် ၈ ကြည်လင်း ဒဏ်ရာရရှိခဲ့လို့ ထမ်းစင်နဲ့ အပြင်ထုတ်သွားခဲ့ရပါတယ်။ ဒီနောက် ကြည်လင်းအစား ကျောနံပါတ် ၁၂  နေလင်းထွန်း ၀င်ရောက်ကစားခဲ့ပါတယ်။ ၂၆ မိနစ်မှာ ထိုင်းအသင်း ဘယ်တောင်ပံကစားသမား မြန်မာဂိုးရှေ့ဖြတ်တင်တာကို မြန်မာအသင်း ဂိုးသမား အသည်းအသန် ဖျက်ထုတ်ခဲ့ရပါတယ်။ ဒီနောက် ထိုင်းအသင်းက ပြန်လည် ထိုးဖောက်ကစားလာခဲ့ပါတယ်။ ၂၇ မိနစ်မှာ ထိုင်းအသင်းက ထောင့်ကန်ဘော ရရှိခဲ့ပါတယ်။ ထောင့်ကန်ဘောကို ကန်တင်ရာမှာ မြန်မာဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီနောက် ထောင့်ကန်ဘောဆက်လက်ကန်တင်ရာမှာ မြန်မာဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ ၃၂ မိနစ်မှာ မြန်မာအသင်းက ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ မြန်မာအသင်း ရှေ့တန်း ဘယ်အစွန်လူကို ထိုင်းနောက်ခံလူ ကျောနံပါတ် ၄ က ဖျက်ထုတ်တာ ကြမ်းလို့ ပေးတာဖြစ်ပါတယ်။ ပြစ်ဒဏ်ဘောကို ထိုင်းဂိုးရှေ့ချပေးရာမှာ ကြည်လင်အစားဝင်လာတဲ့ မြန်မာအသင်းဘက်က နေလင်းထွန်း ကျောနံပါတ် ၁၂ က ခေါင်းတိုက်သွင်းယူခဲ့လို့ မြန်မာအသင်းက ၁ - ၀ ဂိုးနဲ့ ဦးဆောင်နေပါတယ်။ ၃၅ မိနစ်မှာ ကျော်ဇေယျာဝင်း ဂိုးရှေ့ချပေးတာကို မြန်မာအသင်းဘက်က နေလင်းထွန်း ကန်သွင်းခွင့် ရပေမယ့် ဂိုးတိုင်ဘေးဘက်ကို ထွက်သွားခဲ့လို့ မြန်မာအသင်း နစ်နာခဲ့ပါတယ်။ ၃၇ မိနစ်မှာ မြန်မာဘက်က ဇော်မင်းထွန်းနဲ့ ထိုင်းဘက်က ကျောနံပါတ် ၉ တို့ကို ဒိုင်လူကြီးက အ၀ါကတ် ပြခဲ့ပါတယ်။ ဒီနောက် နှစ်ဖက်ကစားတာ ကြမ်းလာခဲ့ပါတယ်။ မိနစ် ၄၀ မှာ မြန်မာအသင်းဘက်က ပြစ်ဒဏ်ဘောရရှိခဲ့တာကို ကျော်ဇေယျာဝင်းက ထိုးပေးရာမှာ ရန်အောင်ဝင်း ကန်သွင်းပေမယ့် ဂိုးညာဘက်ကနေ ဘောလုံး ကျော်ထွက်သွားပါတယ်။ ဒီနောက် ထိုင်းအသင်းက ပြန်လည်ထိုးဖောက်ကစားပြီးနောက် ၄၁ မိနစ်မှာ ထိုင်း ကျောနံပါတ် ၁၄ ကန်သွင်းခွင့်ရပေမယ့် ဂိုးသမား ဘယ်ဘက် ဂိုးတိုင်ဘေးကနေ ကပ်ထွက်သွားခဲ့ပါတယ်။ ၄၂ မိနစ်မှာတော့ ထိုင်းအသင်းဘက်က မြန်မာဂိုးဧရိယာနား ဘောလုံးလုရာမှာ အ၀င်ကြမ်းလို့ မြန်မာဘက်က ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ ၄၄ မိနစ်မှာလည်း မြန်မာအသင်းဘက်က ထိုင်းဂိုးဧရိယာ ဘယ်ဘက်ထောင်မှာ ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို မြန်မာအသင်းဘက်က ကျောနံပါတ် ၂ ဂိုးရှေ့ကန်တင်ရာမှာ ထိုင်းနောက်တန်းလူ ခေါင်းနဲ့ ဖျက်ထုတ်ခဲ့လို့ မြန်မာအသင်း ထောင့်ကန်ဘော ထပ်ပြီး ရရှိပါတယ်။ ဒီနောက် ထောင့်ကန်ဘော ဆက်ကန်တင်တာကို ထိုင်းဂိုးသမား ထွက်ဖမ်းရာမှာ မြန်မာဘက်က အ၀င်ကြမ်းလို့ ထိုင်းအသင်းက ပြစ်ဒဏ်ဘော ရရှိပြီး ကန်တင်ခဲ့ပါတယ်။ ဒီနောက် ၄၅ မိနစ်မှာ ထိုင်းအသင်း ကျောနံပါတ် ၁၀ ပြဒ်ဒဏ်ဘောကျူးလွန်လို့ အ၀ါကတ် အပြခံခဲ့ရပါတယ်။ ဒီနောက်ပွဲပြီးခါနီး ၄၈ မိနစ်မှာ မြန်မာအသင်းဘက်က ကျောနံပါတ် ၂ အဖျက်ကြမ်းလို့ အ၀ါကတ်ပြခံရပြီး ထိုင်းက ပြစ်ဒဏ်ဘောရရှိပါတယ်။ ပြစ်ဒဏ်ဘောကို ဂိုးရှေ့ချပေးမယ့် ဂိုးလွန်ဘော ဖြစ်သွားပါတယ်။ ဒီနောက် ပထမပိုင်း ပြီးဆုံးသွားပါတယ်။ ပထမပိုင်း တပိုင်းလုံး မြန်မာအသင်းက အပေးအယူ အချိန်အဆက်မိမိနဲ့ ကစားနိုင်ခဲ့ပြီး ထိုင်းအသင်းကတော့ အပေးအယူမမိဘဲ ဖြစ်နေပါတယ်။ ဒုတိယပိုင်း စစချင်း ၄၆ မိနစ်မှာ ထိုင်းက ပြစ်ဒဏ်ဘောရရှိခဲ့ပြီး ဂိုးရှေ့ ကန်တင်ရာမှာ ဂိုးတိုင်နဲ့ထိပြီး ထွက်သွားခဲ့တာကို ထိုင်းက ပိတ်သွင်းယူခဲ့လို့ ၁-၁ ဂိုး သရေရရှိနေပါတယ်။ ၄၉ မိနစ်မှာ မြန်မာအသင်း ထောင့်ကန်ဘော ရရှိခဲ့ပြီး ဂိုးရှေ့ကန်တင်ရာမှာ ထိုင်းဂိုးသမား ဖမ်းမိသွားပါတယ်။ ဒုတိယပိုင်းမှာတော့ ထိုင်းအသင်းက အချိတ်အဆက် မိမိနဲ့ ပြန်လည် တိုက်စစ်ဆင်လာပါတယ်။ ၅၂ မိနစ်မှာတော့ မြန်မာအသင်းဘက်က ကျော်ဇေယျာဝင်း ထိုင်းဂိုးဧရိယာထိပ်မှာ အပိုင်ကန်သွင်းခွင့် ရပေမယ့် ညာဘက်ဂိုးတိုင်ဘေးကနေ ကပ်ထွက်သွားလို့ မြန်မာအသင်း နစ်နာခဲ့ရပါတယ်။ ၅၅ မိနစ်အထိ ပြစ်ဒဏ်ဘောမှာ မြန်မာက ၉ ကြိမ်နဲ့ ထိုင်းအသင်းက ၈ ကြိမ် ကျူးလွန်ထားပါတယ်။ ၆၃ မိနစ်မှာတော့ ထိုင်းကျောနံပါတ် ၁၃ ကို မြန်မာအသင်းဘက်က ပြစ်ဒဏ်ကျူးလွန်လို့ ထိုင်းအသင်းက ထောင့်ကန်ဘောရရှိခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအသင်းက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ၆၅ မိနစ်မှာ မြန်မာအသင်းဘက်က အသင်းခေါင်းဆောင် ဂိုးသမားရှေ့ အပိုင်ကန်သွင်းခွင့် ရပေမယ့် ဂိုးစည်းကျော်သွားခဲ့ပါတယ်။ ၆၈ မိနစ်မှာ မြန်မာအသင်းဘက်က ထောင့်ကန်ဘော ရရှိခဲ့တာကို ဂိုးရှေ့ကန်တင်ရာမှာ ထိုင်းနောက်တန်းလူတွေ ဖျက်ထုတ်နောက်ခဲ့ပါတယ်။ ဒီနောက် ၇၂ မိနစ်အထိ နှစ်ဖက် အပြန်အလှန် ထိုးဖောက်ကစားခဲ့ပေမယ့် နှစ်ဖက် အပိုင်ကန်သွင်းခွင့်တွေ မရခဲ့ပေ။ ၇၃ မိနစ်မှာ ကျော်ကိုကို တကိုယ်တော် ထိုးဖောက်ပြီး ကန်သွင်းခဲ့ပေမယ့် ထိုင်းဂိုးသမား ဖမ်းမိသွားခဲ့ပါတယ်။ ၇၆ မိနစ်မှာတော့ ဒေးဗစ်ထန်း ဒဏ်ရာရရှိသွားလို့ လူစားလဲခဲ့ပြီး ကျောနံပါတ် ၁၆  သိန်းသန်းဝင်း ၀င်ရောက်ကစားခဲ့ပါတယ်။ ၇၇ မိနစ်မှာ ထိုင်းက ထောင့်ကန်ဘော ကန်တင်ရာမှာ မြန်မာအသင်းက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ၇၈ မိနစ်မှာ သိန်းသန်းဝင်း အဖျက်ကြမ်းလို့ အ၀ါကတ် ပြခံရပြီး ထိုင်းက ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို မြန်မာအသင်းက ဖျက်ထုတ်နိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ကျော်ကိုကို ဂိုးရှေ့ ချပေးခဲ့ပေမယ့် ထိုင်းဂိုးသမား ဖမ်းမိသွားခဲ့ပါတယ်။ ဒီနောက် ထိုင်းအသင်းက ၈၂ မိနစ်မှာ ထိုင်းအသင်းက ပြစ်ဒဏ်ဘော ထပ်မံရရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို ဂိုးရှေ့ကန်တင်ရာမှာ ဂိုးတိုင်နဲ့ထိပြီး ပြန်ထွက်လာပါတယ်။ ပြန်ထွက်လာတဲ့ ဘောလုံးကို ထိုင်းအသင်းက ကန်သွင်းပမေယ့် ဂိုးစည်းပေါ် ကျော်သွားခဲ့ပါတယ်။ ၈၅ မိနစ်မှာ သိန်းသန်းဝင်းကို ထိုင်းနောက်တန်းကစားသမား အဖျက်ကြမ်းလို့ မြန်မာအသင်း ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို မြန်မာအသင်း ခေါင်းဆောင် ကျော်ဇေယျာဝင်း ဂိုးရှေ့ချပေးရာမှာ ကျော်ကိုကို ခေါင်းတိုက်သွင်းခဲ့ပေမယ့် လူကျွံဘော ဖြစ်သွားခဲ့ပါတယ်။ ဒီနောက် မိနစ် ၉၀ ပြည့်ပြီးနောက် နာကျင်အချိန်ပို ၄ မိနစ် ထပ်ဆောင်းပေးခဲ့ပါတယ်။ ၉၁ မိနစ်မှာတော့ ထိုင်းက ကျောနံပါတ် ၂၄ ဟန်ဆောင်လှဲချတယ်ဆိုပြီး အ၀ါကတ် ပြခံခဲ့ရပါတယ်။ ဒီနောက် နှစ်ဖက် ဂိုးမသွင်းနိုင်တော့ဘဲ ၁-၁ ဂိုး သရေရလဒ်နဲ့နဲ့ ပြီးဆုံးသွားပါတယ်။ ဒီနေ့ မြန်မာအသင်း ပွဲထွက်စာရင်းက ပြည်ဖြိုးအောင် (ဂိုး)၊ ကျော်ဇေယျာဝင်း ၇၊ ဒေးဗစ်ထန်း ၁၁ (သိန်းသန်းဝင်း)၊ ရန်အောင်ဝင်း ၅၊ ကျော်ကိုကို ၁၀၊ အောင်ဇော် ၁၃၊ စည်သူအောင် ၂၊ ကျော်မင်းဦး ၁၉၊ ဇော်မင်းထွန်း ၃၊ ရဲလင်းအောင် ၁၄၊ ကြည်လင်း ၈ တို့ ဖြစ်ကြပါတယ်။ မြန်မာအသင်းနည်းပြအဖြစ် ပက်ဆောင်ဟွာက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ထိုင်းအသင်းကိုတော့ ယခင်ထိုင်းလက်ရွေးစင်ဟောင်းတဦးဖြစ်တဲ့ ကိုင်တီဆတ်က နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ အုပ်စု (ခ) ပွဲစဉ်အဖြစ် အင်ဒိုနီးရှားနဲ့ အရှေ့တီမောအသင်းတို့ ဒီနေ့ညနေ ယှဉ်ပြိုင်ကစားရမှာတော့ ပွဲပြီးဆုံးချိန်အထိ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ဘဲ သရေရလဒ်နဲ့ ပြီးဆုံးသွားပါတယ်။ အုပ်စု (ခ) မှာ အိမ်ရှင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ အရှေ့တီမော အသင်းတို့ ပါဝင်ပါတယ်။ လက်ရှိ ကစားပြီးသော ပွဲစဉ်အရ ထိုင်းအသင်းက ၂ ပွဲနိုင် ၁ ပွဲ သရေနဲ့ ၇ မှတ်၊ မြန်မာက ၂ ပွဲနိုင် ၁ ပွဲ သရေနဲ့ ၇ မှတ်စီ တူညီနေကြပေမယ့် ဂိုးကွာခြားချက်အရ ထိုင်းအသင်းက အုပ်စုဗိုလ်အဖြစ် အုပ်စု ခမှာ ဦးဆောင်နေပါတယ်။ အုပ်စု (က) တွင် စင်ကာပူ၊ မလေးရှား၊ လာအို၊ ဗီယက်နမ်နဲ့ ဘရူးနိုင်းတို့ ပါဝင်ပါတယ်။ လက်ရှိ ကစားပြီးတဲ့ ပွဲစဉ်အရ စင်ကာပူ လက်ရွေးစင်အသင်းက ၃ ပွဲကစား ရမှတ် ၇ မှတ်ဖြင့် ဦးဆောင်နေပြီး ဗီယက်နမ်အသင်းနဲ့ မလေးရှားလက်ရွေးစင်အသင်းတို့ ၂ ပွဲ ကစား ရမှတ် ၃ မှတ်ဖြင့် အမှတ်တူနေပေမယ့် ဂိုးကွာခြားချက်အရ ဗီယက်နမ်အသင်းက ဒုတိယနေရာမှာ ရှိနေပါတယ်။ အုပ်စုပွဲစဉ်တွေ ပြီးသွားရင် အုပ်စု (က) က ၂ သင်းနဲ့ အုပ်စု (ခ) က နှစ်သင်းတို့ ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားကြရမှာဖြစ်ပါတယ်။ အနိုင်ရရှိတဲ့ ၂ သင်းက နောက်ဆုံးဗိုလ်လုပွဲကို ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကျန် ၂ သင်းကတော့ တတိယ နေရာ လုရမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား အမျိုးသား ဘောလုံးပြိုင်ပွဲမှာ မလေးရှားက ပထမ၊ အင်ဒိုနီးရှားက ဒုတိယ၊ မြန်မာက တတိဆု ရရှိခဲ့ပါတယ်။ အမျိုးသမီးဘောလုံးပြိုင်ပွဲကိုတော့ ထည့်သွင်းကျင်းပခဲ့ခြင်း မရှိပေ။ Read more

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up