စင်ကာပူနိုင်ငံသား ၈၀ ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်

စင်ကာပူနိုင်ငံ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်တယ်လို့ နိုင်ငံကျန်းမာရေးဝန်ကြီးက ဩဂုတ် ၂၉ ရက်က ပြောလိုက်ပါတယ်။

ဒါဟာ ကမ္ဘာ့နိုင်ငံတွေထဲ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အများဆုံးဖြစ်လာခဲ့ပြီး စင်ကာပူနိုင်ငံမှာတော့ လူဦးရေစုစုပေါင်း ၅ ဒသမ ၇ သန်း ရှိနေတာ ဖြစ်ပါတယ်။

“ကျနော်တို့ နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် အပြည့်အဝ ထိုးနှံခဲ့ကြပြီး နောက်ထပ်မိုင်တိုင်တခုကို ဖြတ်ကျော်နိုင်ခဲ့ပါပြီ။”

လတ်တလောမှာတော့ စင်ကာပူအာဏာပိုင်တွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို မကြာခင်မှာပဲ ဖြေလျှော့သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံခဲ့ရသူ စုစုပေါင်း ၆၇,၃၀၄ ယောက်နဲ့ သေဆုံးသူ ၅၅ ယောက်နဲ့ ကမ္ဘာ့နိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံးအဆင့် ၁၁၅ နေရာမှာ ရှိနေတာပါ။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၂၁၆ ဒသမ ၉၉ သန်းကျော်၊ သေဆုံးသူ ၄ သန်းခွဲကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာသူပေါင်း ၁၉၃ ဒသမ ၉ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။      

ကမ္ဘာ့ကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေအဖြစ် အမေရိကန်နိုင်ငံက ရောဂါကူးစက်ခံရ သူပေါင်း ၃၉ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၆ သိန်းခွဲကျေိာ်၊ အိန္ဒိယနိုင်ငံက ရောဂါကူး စက်ခံရသူပေါင်း ၃၂ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၃ သောင်းကျေိာ်၊ ဘရာဇီးနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၂၀ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၇ သောင်းကျေိာ်စီ အသီးသီးနဲ့ ရပ်တည်နေပါတယ်။

More News
Up