မန္တလေးတိုင်း မြင်းခြံမြို့နယ် ရန္တပိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်စိုးအား ဩဂုတ် ၂၈ ရက်နေ ည ၁၀ နာရီကျော်လောက်မှာ ပစ်သတ်လိုက်တယ်လို့ နှလုံးလှလူမိုက်ကြီးများအဖွဲ့က ထုတ်ပြန်ပါတယ်။
ဦးမြတ်စိုးဟာ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ပူပေါင်းပြီး ကျေးရွာလူထုကို ခြိမ်းခြောက်တာ၊ PDF ပြောက်ကျားတပ်စုတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်သတင်းပေး ပြုလုပ်တာကြောင့် အခုလို ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။
နောက်နောင် စစ်ကောင်စီခန့်လာမဲ့ ဥက္ကဋ္ဌတွေနဲ့ ဒလန်လုပ်နေသူတွေကို သတိပေးလိုက်တာ ဖြစ်ကြောင်းလည်း နှလုံးလှလူမိုက်ကြီးများအဖွဲ့က ထုတ်ပြန်ထားပါတယ်။