မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးရုံကုန်းကျေးရွာက အုပ်ချုပ်ရေးမှူး ၁ ဦး ဩဂုတ် ၂၈ ရက် ဒီညနေ ၄ နာခွဲကျော်အချိန်က သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားပါတယ်။
ဝါးရုံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရှိန်ဆီကို ဧည့်စာရင်းတိုင်ဖို့ ရောက်ရှိလာသူက သေနတ်နဲ့ ပစ်သွားတာလို့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။
“ဝါးရုံကုန်းက အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာဟုတ်တယ်။ သူ့ဆီကို ဧည့်စာရင်းတိုင်မလို့ဆိုပြီး ရောက်လာရင်း ပစ်သွားတာလို့ကြားတယ်။ နေရာမှာတင် သေတာတဲ့။ ဘယ်လိုအ ကြောင်းကြောင့်ဆိုတာတော့မသိရဘူး။” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးသောင်းရှိန် ပစ်သတ်ခံရပြီး မကြာခင် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေ ရောက်ရှိလာပြီး စစ်ဆေးနေပါတယ်။