ရန်ကုန်တိုင်းထဲက မြို့နယ် ၅ မြို့နယ်မှာ ဩဂုတ် ၂၉ ရက် မနက်ဖြန် တနင်္ဂနွေနေ့ မနက် ၉ နာရီကနေ မွန်းလွဲ ၁ နာရီအထိ အချိန်ပိုင်း မီးပြတ်မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က အသိပေး ထုတ်ပြန်ပါတယ်။
အရှေ့ပိုင်းခရိုင်ထဲက 66kV (သာကေတ-ပုသိမ်ညွန့်) ဓာတ်အားလိုင်းနဲ့ ထိစပ်နေတဲ့ သစ်ပင်သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းတာ၊ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်တာတွေကို လုပ်ဆောင်မှာဖြစ်တာကြောင့် မီးယာယီဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။
အခုလိုဆောင်ရွက်တာကြောင့် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ တောင်ဉက္ကလာပ၊ ဗဟန်းမြို့နယ်တွေက နေရာတချို့တို့မှာ ယာယီမီးဖြတ်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။