ကရင်ပြည်နယ်၊ မြဝတီမြို့မှာ သြဂုတ် ၂၇ ရက် မနက်ပိုင်း ၆ နာရီခွဲလောက်က ချိန်ကိုက်မိုင်း တစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖုန်းနဲ့လုပ်ထားတဲ့ ချိန်ကိုက်မိုင်းဖြစ်ပြီး အမှတ်(၅)ရပ်ကွက် ရွှေဝါရင်လမ်းနဲ့ သုခ ၂ လမ်းထောင့် ပလက်ဖောင်းဘေး မြက်တောထဲမှာ ပေါက်ကွဲခဲ့တာပါ။
မိုင်းပေါက်တာကြောင့် သုခ (၂) လမ်းမှာ ရပ်ထားတဲ့ မီဆူဘီရှီအမျိုးအစား ၆ ဘီးကားရဲ့ အရှေ့မှန်ကွဲသွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီနဲ့ကော့ကရိတ်မြို့တွေမှာ ချိန်ကိုက်မိုင်းတွေ မကြာခဏ ပေါက်ကွဲမှုရှိပြီး နယ်မြေလုံခြုံရေး တင်းကျပ်ထားကာ တရားခံကို ဖမ်းဆီးရမိတာမရှိသေးပါဘူး။