ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းက တန်ဂျာရွာနားတောင်ခြေမှာ ဩဂုတ် ၂၆ ရက်နေ့ ညနေ ၃ နာရီလောက်ကစပြီး ကေအိုင်အေ နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်တာကြောင့် အိမ်ခြေ ၁၀၀ လောက်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
"ပူတာအိုခရိုင်မှာ အခြေချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ခလရ ၁၃၈ တပ်ရင်းနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်သွားတာပါ။ ယနေ့ ညနေ ၃ နာရီလောက်ကနေစပြီး တိုက်ပွဲပြင်းထန်နေလို့ အနီးနားက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်။”
ဩဂုတ် ၂၆ ရက်နေ့ ဒီနေ့တိုက်ပွဲဟာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုဒေသမှာ အပြင်းထန်ဆုံးဖြစ်နေပြီး အကျဆုံးစာရင်းကိုတော့ မသိရသေးဘူးလို့ အနီးနားနေ ပြည်သူတစ်ဦးက ပြောပါတယ်။
ပူတာအိုခရိုင်အတွင်းမှာ စစ်ကောင်ဘက်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့အကြား မကြာခဏ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။