ဆီရီးယားတွင် ဓာတုလက်နက် အကြိမ်ကြိမ်သုံးစွဲမှုရှိဟု ကုလသမဂ္ဂ အတည်ပြု

Photo by Reuters
ကုလသမဂ္ဂက မနေ့က ထုတ်ပြန်တဲ့မှတ်တမ်းမှာ ဆီးရီးယားနိုင်ငံတွင်း တိုက်ခိုက်မှု ၇ ခုမှာ ၅ ခုဟာ ဓာတုလက်နက်တွေ အသုံးပြုပုံရတယ်လို့ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအကြီးအကဲ Ake Sellstrom ရဲ့  နောက်ဆုံး စုံစမ်းလေ့လာတွေ့ရှိချက်မှာတော့ ဆီးရီးယားတိုက်ခိုက်မှုတွေအတွင်း သေချာပေါက် ဓာတုလက်နက်သုံးစွဲမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ [caption id="attachment_48389" align="alignright" width="300"]Photo by Reuters Photo by Reuters[/caption] Ake Sellstrom က သူ့ရဲ့စုံစမ်းတွေ့ရှိချက် သတင်းဌာနတွေကို မထုတ်ပြန်ခင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ပေးအပ်ခဲ့ပါတယ်။ ဘန်ကီးမွန်းက “ဓာတုလက်နက်အသုံးပြုမှုဟာ နိုင်ငံတကာဥပဒေကို အပြင်းထန်ဆုံး ချိုးဖောက်တာဖြစ်ပြီး ကျနော်တို့ လူသားတရပ်လုံးကို တိုက်ခိုက်စော်ကားမှုဖြစ်တယ်။ ဒီလက်နက်မျိုးတွေကို ဆီးရီးယားနိုင်ငံမှာတင် မဟုတ်ပါဘူး။ ကမ္ဘာရဲ့ ဘယ်နေရာမှာမဆို လုံးဝ ပပျောက်သွားအောင် လုပ်ရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ဘန်ကီးမွန်းက ဒီတွေ့ရှိချက်မှတ်တမ်းကို ဒီနေ့အထွေထွေညီလာခံမှာ တင်သွင်းမှာဖြစ်ပြီး လုံခြုံရေးကောင်စီကိုတော့ ဒီဇင်ဘာ ၁၆ ရက်နေ့ တင်သွင်းမယ်လို့ ပြောကြားခဲ့ပါတယ်။

More News
Up