မနက်ဖြန်ကစားမည့် မြန်မာ-ထိုင်း အမျိုးသားဘောလုံးပွဲစဉ်အပေါ် မေးမြန်းချက်
ရွှေအောင်
·
December 13, 2013
ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းမှာ ယှဉ်ပြိုင်ကစားကြမယ့် မြန်မာနဲ့ထိုင်း အမျိုးသားဘောလုံး အသင်းတို့ ပွဲဟာ ပွဲကြီးပွဲကောင်းတပွဲဖြစ်လိမ့်မယ်။
မြန်မာ့မြေပေါ်မှာ အခုလို မြန်မာနဲ့ထိုင်း ဘောလုံး ကစားကြတာ မကြည့်ရတာ ကြာပြီဆိုတော့ ပရိသတ်ကလည်း ကွင်းလုံးပြည့်လျှံအောင် လာအားပေးလိမ့်မယ်၊ ပွဲရလဒ်ကတော့ သိပ်အကွာကြီး ဖြစ်လိမ့်မယ်မထင်ဘူးလို့ အားကစားကလောင်ရှင် ကိုစိုးညီက ပြောပါတယ်။
မြန်မာ အမျိုးသားဘောလုံးအသင်းဟာ အုပ်စုတွင်းပွဲစဉ် ၂ ပွဲ ကစားထားပြီး ၂ ပွဲစလုံး အနိုင်ရရှိထားပါတယ်။ အလားတူ ထိုင်းအသင်းကလည်း ၂ ပွဲကစား ၂ ပွဲနိုင် ၆မှတ်ရထားတဲ့ ပြိုင်ဘက်အသင်းဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၄ ရက်မှာ အနိုင်ရတဲ့ အသင်းဟာ အုပ်စုပထမရဖို့ အခြေအနေကောင်းမှာလည်း ဖြစ်ပါတယ်။
မြန်မာအမျိုးသားအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ ဘောလုံးပွဲစဉ်အပေါ် ကိုစိုးညီနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်