မကွေးတိုင်း၊ ချောက်မြို့မှာ သြဂုတ် ၂၄ ရက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ယောက် သေနတ်နဲ့ အပစ်ခံခဲ့ရလို့ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချောက်မြို့ အမှတ် (၁) ရပ်ကွက်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်စိုးဟာ သေနတ်နဲ့ ၃ ချက် အပစ်ခံရပြီး ရှပ်ထိပြီး ဒါဏ်ရာရရှိသွားကာ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူးဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ပေါင်းပြီးတော့ ချောက်မြို့က ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခအမျိုးမျိုးပေးပြီးတော့ စစ်ကောင်စီရဲ့ သတင်းပေးဒလန်လုပ်ကိုင်နေသူဖြစ်တယ်လို့လည်း မြို့ခံက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး သေနတ်နဲ့ အပြစ်ခံရပြီးတဲ့ နောက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုတွေ ရောက်လာပြီး လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်တွေ ၊ ကားတွေကို ပိတ်ဆို့ စစ်ဆေးရှာဖွေနေပါတယ်။ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။